လူဟန့်စ်ခ် မြို့မှာ ဒုက္ခသည် ယာဉ်တန်း ပစ်ခတ်ခံရ

ဓာတ်ပုံ မူပိုင် AP
Image caption ရုရှားလုပ် Grad ဒုံးကျည်တွေကို နှစ်ဘက်လုံးက သုံးနေ

ယူကရိန်း အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ လူဟန့်စ်ခ် မြို့မှာ ဒုက္ခသည်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို မော်တာကျည်၊ Grad ရော့ကက် ဒုံးကျည်တွေ ထိမှန်ခဲ့လို့ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သား အများအပြား သေဆုံး ခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ လက်နက်ကိုင် ခွဲထွက်ရေး သမားတွေရဲ့ လက်ချက်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။

ဒါပေမယ့် သူပုန်တွေ ကတော့ ဒီလို တိုက်ခိုက်မှုမျိုး လုပ်နိုင်အောင် သူတို့မှာ စစ်ရေးစွမ်းရည် မရှိဘူးလို့ ဆိုပါတယ်။

အခု တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ နေရာဟာ ရုရှ ကယ်ဆယ် ထောက်ပံ့ရေး ယာဉ်တန်း သွားရောက်ဖို့ စီစဉ်ထားတဲ့ နေရာ ဖြစ်ပြီး အဲဒီ နယ်မြေကို ဝင်ရောက်ဖို့ ခွင့်ပြုချက် စောင့်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဘာလင်မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြန့်ဖြူးရေးနဲ့ ပတ်သက်တဲ့ ကိစ္စ အားလုံးကို ပြေလည်အောင် ဖြေရှင်းခဲ့ပြီး ဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးက အစောပိုင်းက ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ