လူဟန့်စ်မြို့မှာ ဒုက္ခသည် အလောင်း ၁၅ လောင်း တွေ့ရှိ

ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှားလုပ် Grad ရော့ကက်တွေကို အစိုးရနဲ့ သူပုန် ၂ ဘက် စလုံးက သုံးနေ

ယူကရိန်း အရှေ့ပိုင်းက ဒုက္ခသည် ယာဉ်တန်း ပစ်ခတ်ခံရတဲ့ နေရာကနေ အလောင်း ၁၅ လောင်း တွေ့ရှိခဲ့ရတယ်လို့ ယူကရိန်း စစ်တပ် ပြောခွင့်ရသူက ဆိုပါတယ်။

ဒီပစ်ခတ်မှုဟာ သူပုန်တွေရဲ့ လက်ချက် ဖြစ်တယ်လို့ ယူကရိန်း အစိုးရက စွပ်စွဲထားပြီး သူပုန်တွေ ကတော့ ဒါကို ငြင်းဆို ထားပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်း စစ်တပ်နဲ့ ခွဲထွက်ရေး သမား တွေကြား လူဟန့်စ် မြို့လယ်က လမ်းတွေပေါ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ယူကရိန်း အာဏာပိုင် တွေက ပြောပါတယ်။

ယူကရိန်း အရှေ့ပိုင်းက သူပုန် တွေ ခြေကုပ် ယူထားတဲ့ လူဟန့်စ် မြို့ ရပ်ကွက် တခုကို ယူကရိန်း အစိုးရ ဘက်က သိမ်းနိုင်ပြီလို့လဲ ဆိုပါတယ်။

ဒီလို သိမ်းနိုင်ခဲ့ရင်တော့ အစိုးရရဲ့ ၄ လ ကြာ သူပုန် နှိမ်နင်းရေး ထိုးစစ် အတွက် တိုးတက်မှုကြီး ဖြစ်လိမ့်မယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

ယူကရိန်း အရှေ့ပိုင်းက လူ ၂ သိန်းခွဲ လောက် ရေနဲ့ လျှပ်စစ်မီး ပြတ်တောက် နေပြီး အစာနဲ့ ဆေးဝါး အကူအညီတွေ လျော့နည်း လာနေတယ်လို့ သတင်း ရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ