အင်္ဂလိပ် ရေလက်ကြားကို စံချိန်တင် ရေဖြတ်ကူး

Image caption ရေလက်ကြားရဲ့ အကျယ်က ၃၄ ကီလိုမီတာ ရှိ

ဗြိတိန်နဲ့ ပြင်သစ်ကို ခြားထားတဲ့ အင်္ဂလိပ် ရေလက်ကြားကို ရေကူး ဖြတ်သွားနိုင်တဲ့ အသက် အကြီးဆုံးသူ အဖြစ် အသက် ၇၀ အရွယ် သြစတြေးလျ အမျိုးသားက စံချိန်တင် လိုက်နိုင်ပြီ ဖြစ်ပါတယ်။

ဆစ်ဒစနီမြို့ Bondi Beach မှာ နေထိုင်တဲ့ မစ္စတာ Cyril Baldock က အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ကူးရာမှာ စုစုပေါင်း ၁၂ နာရီနဲ့ ၄၅ မိနစ် ကြာခဲ့ပါတယ်။

ဒါပေမယ့် သူ့ထက် အသက် ပိုကြီးတဲ့ သြစတြေးလျကပဲ အသက် ၇၃ နှစ် အရွယ် အမျိုးသမီးက အခု တပတ်ထဲမှာပဲ အလားတူ ရေကူးဖို့ အစီအစဉ် ရှိနေလို့ မစ္စတာ Baldock ရဲ့ စံချိန်သစ်က သိပ်ကြာကြာ ခံမယ့်ပုံ မပေါ်ပါဘူး။

ရေလက်ကြားရဲ့ အကျယ်အဝန်းက အဖြောင့် တိုင်းရင် ၃၄ ကီလိုမီတာ ရှိပေမယ့် ရေကူးသမားတွေ အတွက်တော့ ကီလို ၄၀ ထက်ကျော် ကူးကြရတာက များပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ