အစ္စရေး တိုက်ခိုက်မှု ဟားမတ်စ် တပ်မှူး ၃ ဦး သေ

ဓာတ်ပုံ မူပိုင် epa
Image caption အစ္စရေး လေကြောင်း တိုက်ခိုက်မှု တစ်ခု

ဂါဇာမှာ အစ္စရေး တို့ရဲ့ လေကြာင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့ရဲ့ ထိပ်တန်း တပ်မှူးကြီး ၃ ယောက် သေဆုံးခဲ့ပါတယ်။

အရုဏ် မတက်ခင် အချိန်က တိုက်ခိုက်မှုမှာ Rafah မြို့ အနီးက လူနေ ထူထပ်တဲ့ နေရာမှာ လေးထပ်တိုက် တစ်လုံး အုတ်ခဲပုံ အဖြစ် ပြိုကျသွားခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ ဟားမတ်စ် တပ်မှူးကြီးတွေဟာ မကြာသေးခင် နှစ်တွေ အတွင်းက ဟားမတ်စ်ရဲ့ စစ်ရေး စွမ်းရည် ချဲ့ထွင်မှုမှာ အဓိက အခန်း ကဏ္ဍက ပါဝင်ခဲ့တယ်လို့ အစ္စရေး ဘက်က ပြောပါတယ်။

အစ္စရေးတို့ အတွက် လုံခြုံရေး အာမခံနိုင်တဲ့ အထိ စစ်ဆင်ရေးတွေ ဆက်လုပ်မယ်လို့လည်း ဝန်ကြီးချုပ် ဘန်ဂျမန် နက်တန်ယာဟုက ပြောပါတယ်။

ဟားမတ်စ် ပြောခွင့်ရ ပုဂ္ဂိုလ်က တုံ့ပြန် ပြောရာမှာ အခု သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်း လူထု ဆန္ဒကို ချိုးဖျက်လို့ ရမှာ မဟုတ်ဘဲ အစ္စရေး တို့ရဲ့ ကျူးလွန်မှုတွေကနေ ပါလက်စတိုင်း လူထုကို ဆက်လက် ကာကွယ် သွားမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ