စကော့တလန်လွတ်လပ်ရေး နောက်ဆုံးစကားစစ်ထိုး

uk_scotland_flags ဓာတ်ပုံ မူပိုင် PA
Image caption ယူကေရဲ့ ယူနီယံဂျက် အလံနဲ့ စကော့တလန် အလံ

သီးခြား လွတ်လပ်တဲ့ စကော့တလန် နိုင်ငံ အဖြစ် ထူထောင်မလား ဆိုပြီး၊ လာမယ့် ရှေ့လထဲမှာ ကျင်းပဖို့ စီစဉ်ထား တဲ့၊ လူထု ဆန္ဒ ကောက်ခံပွဲ မကျင်းပခင်၊ ဒီ အရေးကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ အကြား၊ ရုပ်မြင်သံကြားပေါ်ကနေ စကား စစ်ထိုးပွဲ နောက်ဆုံး အကြိမ် ပြုလုပ်ခဲ့ပါ တယ်။

လွတ်လပ်တဲ့ စကော့တလန် နိုင်ငံထူထောင်ဖို့ ရာ၊ ဦးဆောင် လှုံဆော်သူ တစ်ဦးဖြစ် တဲ့၊ စကော့တလန် ဝန်ကြီး Alex Salmond က၊ အခုလို အခြေအနေ အခွင့်အရေးမျိုး နောက်ထပ် ပေါ်လာချင်မှာ လာတော့မယ် ဆိုပြီး ပြောသလို၊ စကော့တလန် ကို စကော့လူမျိုး တွေ စီမံ အုပ်ချူပ်တာသာ အကောင်းဆုံး ဖြစ်မှာပဲ လို့လည်း ဆိုပါတယ်။

ပူးပေါင်း နေထိုင်ခြင်းက ပိုကောင်းတယ် ဆိုတဲ့ လှုပ်ရှားမှုကို ဦးဆောင်နေတဲ့ Alistair Darling ကတော့၊ သီးခြား လွတ်လပ်ရေး ရယူတာဟာ အန္တရာယ်ကြီးတယ် ဆိုပြီး ပြောပါတယ်။

လွတ်လပ်ပြီး စကော့တလန်မှာ၊ ဘယ်လို ငွေကြေး သုံးစွဲမလဲ၊ လောင်စာဆီ အထောက်အပံ့ ဘယ်ကရမလဲ ဆိုတဲ့ မေးခွန်းတွေကို၊ လွတ်လပ်ရေးသမား မစ္စတာ Salmond အနေနဲ့ ဖြေဆိုဖို့ ပျက်ကွယ်တယ် လို့လည်း ပြောခဲ့ပါတယ်။

လက်ရှိ စစ်တမ်းတွေအရ၊ သီးခြား လွတ်လပ်ရေး မယူလိုတဲ့ အဖွဲ့က၊ လူကြိုက်များနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ