ရုရှားစစ်သားတွေ နေရာမှားရောက်တာလို့ ရုရှားပြော

Russia ဓာတ်ပုံ မူပိုင် RNBOU
Image caption ပိုင်နက်ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားစစ်သားတစ်ဦး

ပိုက်နက်ကျူးကျော်မှုနဲ့ ယူကရိန်းဘက်က ဖမ်းဆီးထားတဲ့ ရုရှားစစ်သား ၁၀ ဦးဟာ မှားယွင်းပြီး ရောက်သွားတာ ဖြစ်တယ်လို့ ရုရှားဘက်က ပြောပါတယ်။

စစ်သားတွေဟာ နယ်စပ်မျဉ်း တားမထားတဲ့ နေရာတစ်ခုမှာ ကင်းလှည့်ရင်း ယူကရိန်းဘက်ကို မတော်တဆ ရောက်သွားတာလို့ ဆိုပါတယ်။

ယူကရိန်းဘက်က တုံ့ပြန်ပြောတာကတော့ ဒီစစ်သားတွေကို ဖမ်းမိတဲ့နေရာဟာ ယူကရိန်းနယ်မြေထဲ ကီလိုမီတာ ၂၀ လောက်ထိ နယ်ကျွံနေတာ တွေ့ရတယ်၊ သူတို့ဟာ အထူးစစ်ဆင်ရေး လုပ်ဖို့ လာတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

ယူကရိန်းရုပ်မြင်သံကြားမှာလည်း အဖမ်းခံထားရတဲ့ စစ်သားတွေရဲ့ ပြောကြားချက်တွေကို ထုတ်လွှင့်ပြသခဲ့ရာမှာ သူတို့ကို ယူကရိန်းထဲ စေလွှတ်ခံခဲ့ရတာ ဖြစ်တယ်လို့ စစ်သားတွေက ရုပ်မြင်သံကြားပေါ်ကနေ ပြောဆိုကြပါတယ်။