ဂါနာမှာ အီဘိုလာ အရေး ဆွေးနွေးနေ

ebola_
Image caption အီဘိုလာ ကူးစက်ရန်ကို ရင်ဆိုင်နေရစဉ်

အနောက် အာဖရိက နိုင်ငံတွေ မှာ ဖြစ်ပေါ်နေတဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပြန့်နှံ့ နေမှု အန္တရာယ်ဟာ ထိန်းချူပ်လို့ မရနိုင်ခင်မှာ လူပေါင်း ၂ သောင်း ကျော် လောက်ထိ ကို ကူးစက်ပြီး ဖြစ်နေလိမ့်မယ် ဆိုပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က သတိပေး လိုက်ပါ တယ်။

အခု လောလောဆယ် အချိန်မှာ ကို၊ ရောဂါ ကူးစက် ခံခဲ့ရသူ ပေါင်း ၃ ထောင် ကျော် ရှိတယ်လို့ မှတ်တမ်းတင် ထားနိုင်ပေမယ့်၊ ကူးစက်ခံရသူ အရေအတွက် ဒီ့ထက်မက ရှိနေနိုင်တယ် လို့ WHO အဖွဲ့က ဆိုပါတယ်။ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရမှု ကြောင့်၊ အနောက် အာဖရိက နိုင်ငံတွေမှာ သေဆုံးခဲ့သူပေါင်း ထောင့်ငါးရာ ကျော်သွားပြီ ဖြစ်ပါတယ်။

အခု အဆိုပါ ဒေသတွင်း နိုင်ငံတွေက ကျန်းမာရေး ဝန်ကြီးတွေ ဟာ ဒီ အန္တရာယ် ဆက်လက် မပြန့်ပွားအောင် ဘယ်လို ကာကွယ် ထိန်းချူပ်ကြမလဲ ဆိုတာကို ဆွေးနွေးဖို့ ဂါနာနိုင်ငံ မှာ တွေ့ဆုံ နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ