ဆီးရီးယားက ထွက်ပြေးလာရသူ ၃ သန်းကျော်ပြီ

_syrian_refugees_ ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား ဒုက္ခသည် ကလေးငယ် တစ်ဦး

ဆီးရီးယား ပြည်သူ ၃ သန်းကျော်ဟာ ပြည်တွင်း စစ်ဒဏ်ကြောင့် တိုင်းပြည်ကနေ ထွက်ပြေး ခဲ့ရပြီး ဖြစ်တယ် လို့ ကုလသမဂ္ဂ ရဲ့ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR က ပြောပါတယ်။

ဆီးရီးယား အကြပ်အတည်း ကြောင့် ဖြစ်ပေါ်လာ တဲ့ အကူအညီ အထောက် အပံ့တွေ အရေးပေါ် လိုအပ်နေမှု ဟာ၊ ဒီခေတ်မှာ တော့ အကြီးအမားဆုံး ပဲ ဖြစ်ကြောင်း လည်း ဆိုပါတယ်။

ဒါပေမယ့် လိုအပ်နေ တဲ့ အကူအညီတွေ ကို ထောက်ပံ့ ပေးဖို့နဲ့ ဒုက္ခသည်တွေ ကို ခိုလှုံရာ နေရာ ပေးဖို့ ကျန် နိုင်ငံတွေ အနေနဲ့ လုံလောက်အောင် မဖြည့်ဆည်း ပေးနိုင်ခဲ့ဘူး လို့လည်း UNHCR က ဝေဖန်ခဲ့ပါတယ်။

တိုင်းပြည် အပြင်ဘက်ကို မရောက်ပဲ၊ ဆီးရီးယား နိုင်ငံထဲမှာ၊ မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာ ခဲ့ရသူ ၆ သန်း ခွဲ ရှိနေတယ်လို့ သိရပါတယ်။

ဒါဟာ ဆီးရီးယား လူဦးရေရဲ့ ထက်ဝက်နီးပါး၊ ပြည်တွင်းစစ်ကြောင့် နေအိမ်တွေကနေ ထွက်ခွာခဲ့ရတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

ဆီးရီးယား ပြည်တွင်းမှာ ဒုက္ခသည်တွေ ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့၊ UNHCR အဖွဲ့ရဲ့ ပြောခွင့်ရ၊ Bathoul Ahmed က အခုလို ပြောပါတယ်။

ဆီးရီးယား ထဲကနေ အပြင်ကို ရောက်အောင် ထွက်လာ နိုင်ဖို့ ပိုခက်လာတဲ့ အကြောင်းက၊ ဆီးရီးယား ထဲမှာ စစ်ဆေးရေး ဂိတ်တွေ အများကြီး တိုးချဲ့ ချလာပြီး၊ ဒုက္ခသည် တွေ အနေနဲ့၊ ဒီ ဂိတ်တွေကို ဖြတ်နိုင်ဖို့ ဆို လာဘ်ငွေတွေ ပိုပေးလာရပါတယ် ဆိုပြီး၊ UNHCR အဖွဲ့ရဲ့ ပြောခွင့်ရ Bathoul Ahmed က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ