နာလန်ဒါ တက္ကသိုလ် သင်ကြားမှု ပြန်စ

Image caption ရှေးဟောင်း နာလန်ဒါ တက္ကသိုလ် အကြွင်းအကျန် နေရာ

အိန္ဒိယ နိုင်ငံမှာ နှစ်ပေါင်း ၈၃၀ နီးပါး ပိတ်ထားခဲ့ရပြီး ပျက်စီးနေခဲ့တဲ့ ရှေးဟောင်း နာလန်ဒါ တက္ကသိုလ်ရဲ့ သင်ကြားမှုတွေကို ဒီကနေ့ တနင်္လာနေ့မှာ ပြန်လည် စတင် ခဲ့ပါတယ်။

ပြန်လည် ဖွင့်လှစ်တဲ့ နေရာက ဘီဟာ ပြည်နယ်မှာ ရှိတဲ့ ရာဂါ Rajgir ကွန်ဗန်းရှင်း စင်တာမှာ ဖြစ်ပြီး ပထမဆုံး ပြန်လည် သင်ကြားမှုတွေကို ကျောင်းသား ၁၅ ဦးနဲ့ ဘာသာရပ် ဌာန ဝန်ထမ်း ၁၁ ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။

နာလန်ဒါ တက္ကသိုလ်ကို ၅ ရာစုက တည်ထောင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ရှေးအကျဆုံး တက္ကသိုလ် တစ်ခု ဖြစ်ပါတယ်။

တရုတ် နိုင်ငံက ခရီးသည် ဗုဒ္ဒဘာသာ ဘုန်းတော်ကြီး ရှီအန်းဇန် Xuanzang ဟာ အဲဒီ နာလန်ဒါ တက္ကသိုလ်မှာ ပညာသင်ယူတာ၊ ပို့ချတာတွေကို ၁၅ နှစ်ကြာ ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ