ဘဂ္ဂဒက်မှာ ကားဗုံးကွဲလို့ ၁၁ဦး သေဆုံး

baghdad_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဘဂ္ဂဒက်ရဲ့ ကားဗုံးကွဲမှု တစ်ခုအတွင်း

အီရတ်နိုင်ငံ မြို့တော် ဘဂ်ဒက် ရဲ့ ရှီအာ ဘာသာဝင် အများစု နေထိုင်ရာ Kadhamiya ရပ်ကွက် မှာ၊ ကားဗုံး ကွဲခဲ့ပြီး၊ အနည်းဆုံး လူ ၁၁ ယောက် သေဆုံးကာ၊ အများ အပြား ဒဏ်ရာရ သွားကြပါ တယ်။

အခု သီတင်းပတ်တွေ အတွင်း၊ လူ စည်ကားရာ နေရာတွေ ကို၊ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အကြိမ်ရေ အတော်များများ ဖြစ်ပေါ်နေပါ တယ်။

အီရတ်နိုင်ငံ မြောက်ပိုင်း က လာတဲ့ သတင်းတွေ အရ၊ Kirkuk ခရိုင်ထဲက၊ ဆွန်နီ မြို့ တစ်မြို့ ဖြစ်တဲ့ Hawija ကနေ၊ ဒါဇင်နဲ့ ချီတဲ့ အမျိုးသားတွေ ကို၊ အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် အဖွဲ့က၊ ဖမ်းဆီး ခေါ်ဆောင် သွားကြတယ် လို့ သိရပါ တယ်။

မိုဆိုးလ်မြို့ မှာ ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း၊ အဆိုပါ အစွန်းရောက် အဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ထဲက အနည်းဆုံး တစ်ဦး သေဆုံးခဲ့ ကြောင်း၊ အီရတ် အစိုးရ ရုပ်မြင်သံကြား ကနေ၊ အစောပိုင်းတုန်း က ကြေညာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ