ရုရှားကို စစ်ရေးစွက်ဖက်မှု ရပ်ဖို့နေတိုးက သတိပေး

နေတိုးထိပ်သီး အစည်းအဝေး ဓာတ်ပုံ မူပိုင် EPA
Image caption နေတိုးထိပ်သီး အစည်းအဝေး

ရုရှားနိုင်ငံအနေနဲ့ ယူကရိန်း တည်ငြိမ်မှု ပျက်ပြားအောင် လုပ်နေတဲ့အပေါ်နေတိုး အဖွဲ့က ယူကရိန်းဘက်က ရပ်တည်ကြောင်း ဝေလပြည်နယ်မှာ စည်းဝေးနေတဲ့ နေတိုးစစ်ရေး မဟာမိတ်အဖွဲ့က ပြောခဲ့ပါတယ်။ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် အင်ဒါ ဖေါ့ ရပ်စ်မူဆန်က မိန့်ခွန်းပြောရာမှာ ရုရှားအနေနဲ့ ငြိမ်းချမ်းရေး သဘောတူချက်ရအောင် ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

နောက်ပိုင်း သတင်းထောက်တွေကို တွေ့ရာမှာ ရပ်စ်မူဆန်က ရုရှားနဲ့ဘယ်သူမှ ထိပ်တိုက် ရင်မဆိုင်ခြင်ကြောင်း ဒါကြောင့်နိုင်ငံရေးအရ အဖြေရှာတာ အကောင်းဆုံး ဖြစ်ကြောင်းသူက ပြောပါတယ်။

နေတိုးအဖွဲ့ကြီးက လူသိရှင်ကြား ကြေငြာရာမှာ ရုရှားရဲ့မူဝါဒတွေကို အပြင်းအထန်ဝေဖန်ပြီး ယူကရိန်းရဲ့ အချုပ်အခြာနဲ့နယ် မြေတည်တံ့ခိုင်မြဲမှုအတွက် အခိုင်အမာ ရပ်တည်ခဲ့ပါတယ်။

ဒါပေမယ့် အနောက်နိုင်ငံက ခေါင်းတွေ သိပ်မပြောတဲ့ နောက်ထပ် သတင်းစကားလည်း ရှိပါသေးတယ်။ ယူကရိန်းအစိုးရကို အနောက်နိုင်ငံက ပေးမယ့်အကူအညီဟာ လက်တွေ့မှာ အကန့်အသတ်တွေရှိပြီး တာလတ် အချိန်အတွက်ပို ဖြစ်နိုင်ပါတယ်။ ဒီတော့ဒေသတွင်း တိုက်ခိုက်မှုတွေကို ပထမလျှော့ချဖို့လိုပါတယ်။

တိုက်ပွဲတွေမှာ နေတိုးဘက်က လက်နက်နဲ့ လူအင်အား တပ်ဖွဲ့တွေပါမှာ မဟုတ်ပါဘူး။ အဓိကနေတိုးဘက်က ထပ်တလဲလဲ ပြောနေတာက ယူကရိန်းနိုင်ငံရဲ့ အနောက်ဘက် နယ်နိမိတ်တွက် ကာကွယ်ရေး အစီအစဉ် အတွက်ကူညီရေး ဖြစ်ပါတယ်။

နေတိုးဘက်က ဒီလို အကန့်အသတ်နဲ့ ကူညီလို့ ယူကရိန်းအစိုးရက ရုရှားနဲ့ အလျှော့အတင်း လုပ်ဖို့လိုအပ် လာရင်လည်း နေတိုးဘက်ကတော့ ဘာမှ သိပ်မတတ်နိုင်ဘူး ဆိုတဲ့သဘောမျိုး မြင်တွေ့ရကြောင်း ဘီဘီစီသံတမန်ရေးရာ သတင်းထောက် ဂျွန်နသန် မားကပ်စ်က သုံးသပ်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ