လူသတ်မှုစွဲချက် ခြေပြတ်အပြေးသမား ကင်းလွတ်

ဓာတ်ပုံ မူပိုင် Getty
Image caption လူသတ်မှုကို ပယ်ဖျက်ပေးချိန် Pistorius ငိုကြွေးစဉ်

ရည်စား ဖြစ်သူကို သေနတ်နဲ့ ပစ်သတ် ခဲ့တယ် ဆိုပြီး တောင်အာဖရိက ခြေပြတ် အပြေးသမား အော်စကာ Oscar Pistorius အပေါ် လူသတ်မှုနဲ့ စွဲဆိုထားချက် အားလုံးကို တရားသူကြီးက ပယ်ဖျက်ပေး လိုက်ပါတယ်။

ပါရာလံပစ် ရွှေတံဆိပ် ဆုရှင် Pistorius ဟာ သူ့ရည်းစား Reeva Steenkamp ကို ရည်ရွယ်ချက် ရှိရှိ သတ်ပစ်တယ် ဆိုတာကို တရားလိုဘက်က ခိုင်လုံတဲ့ သက်သေ မပြနိုင်ဘူးလို့ တရာသူကြီး Thokozile Masipa က ပြောပါတယ်။

အခုလို လူသတ်မှု စွဲချက်တွေကို ပယ်ဖျက် လိုက်ပေမယ့် လူသေစေမှု အတွက် အပြစ်ရှိ မရှိကိုတော့ သောကြာနေ့မှာ စီရင်ချက် ချမှာ ဖြစ်ပါတယ်။

သူကတော့ အိမ်ထဲကို ဖောက်ထွင်း ဝင်ရောက်သူ အမှတ်နဲ့ ရည်းစား ဖြစ်သူကို မှားယွင်း ပစ်ခတ်မိတာလို့ ဆက်လက် ထွက်ဆိုနေဆဲ ဖြစ်ပါတယ်။

လူသတ်မှု စွဲချက်တွေကို ပယ်ဖျက် လိုက်ချိန်မှာ Pistorius တစ်ယောက် ရှိုက်ကြီးတငင် ငိုကြွေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ