မသန်စွမ်း အပြေးသမား လူသေစေမှုအတွက် အပြစ်ရှိ

ဓာတ်ပုံ မူပိုင် Getty
Image caption ပစ္စတိုးရီးယပ်စ် အာမခံနဲ့ ထွက်ခွာစဉ်

တောင်အာဖရိက မသန်စွမ်း အပြေးသမား အော်စကာ ပစ်တိုးရီးယပ်စ်က သူ့ ချစ်သူ Reeva Steenkamp ကို ပစ်သတ် ခဲ့တာဟာ ပြစ်မှုမြောက်တဲ့ လူသေစေမှု ဖြစ်တယ်လို့ တောင်အာဖရိက တရားရုံးက အမိန့်ချမှတ် လိုက်ပါတယ်။

မစ္စတာ ပစ်တိုးရီးယပ်စ်ဟာ ပေါ့ပေါ့ဆဆ ပြုမူ ဆောင်ရွက်ခဲ့လို့ လူသေစေမှုအတွက် အပြစ်ရှိတယ်၊ ဒါပေမယ့် လူသတ်မှု ကနေတော့ ကင်းလွတ်ခွင့် ပေးလိုက်တယ်လို့ တရားသူကြီးက တရားရုံး ဆုံးဖြတ်ချက်ကို ပြောသွားပါတယ်။

သူ့ကို အာမခံလည်း ထပ်တိုးပေးလိုက်ပြီး လာမယ့် လမှာ ဆုံးဖြတ်မယ့် ပြစ်ဒဏ် ချမခံရခင် အထိ လွတ်လပ်တဲ့ လူ တစ်ယောက် အဖြစ် ရှိနေမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ အမြင့်ဆုံး ပြစ်ဒဏ် ၁၅ နှစ် အထိ ကျခံရနိုင်ဖွယ် ရှိပါတယ်။

အခုတော့ မစ္စတာ ပစ်တိုးရီးစပ်က ပရီတိုးရီးယား တရားရုံးကနေ ထွက်ခွာ သွားပြီ ဖြစ်ပြီး သူ့ ဦးလေး Arnold Pistorius နဲ့ အတူ သွားရောက် နေထိုင်မှာ ဖြစ်ပါတယ်။

တရားသူကြီးက အော်စကာ ပစ်တိုးရီးရပ်စ်ကို လူသတ်မှုကနေ ကင်းလွတ်ခွင့် ပေးလိုက်တာကို ကျေးဇူးတင်ကြောင်း ဦးလေး ဖြစ်သူက ပြောပါတယ်။

Reeva Steenkamp မိသားစု အတွက် စိတ်မကောင်းကြောင်းလည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ