ဗြိတိသျှတစ်ဦး အသတ်ခံရတဲ့အခွေ စမ်းစစ်နေ

david_haines_ ဓာတ်ပုံ မူပိုင် epicture
Image caption IS တို့ သတ်ဖြတ်တာ ခံခဲ့ရတယ်လို့ စိုးရိမ်ရသူ ဒေးဗစ်ဟိန်းစ်

အစ္စလာမ္မစ် နိုင်ငံ အစွန်းရောက် အဖွဲ့ က သူတို့ ဖမ်းဆီးထား တဲ့ ဗြိတိသျှ ဓားစာခံ တစ်ဦးကို ခေါင်းဖြတ် သတ်နေတာ ကို ဖော်ပြနေတဲ့ ဗီဒီယိုဟာ အစစ်အမှန် ဟုတ် မဟုတ် အရေးတကြီး စစ်ဆေး နေတယ် ဆိုပြီး ဗြိတိသျှ အစိုးရ က ပြောလိုက်ပါတယ်။

အီရတ်နိုင်ငံ မှာအမေရိကန် တို့ ပြုလုပ်နေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ နဲ့ စပ်လျှဉ်းပြီး ဗြိတိသျှ လူမျိုး David Haines ကို သတ်ဖြတ်ပစ်မယ် ဆိုပြီး အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် အဖွဲ့က ခြိမ်းခြောက် ထားခဲ့နှင့်ပြီး ဖြစ်ပါတယ်။

မစ္စတာ ဟိန်းစ်ဟာ ဆီးရီးယားနိုင်ငံထဲ မှာ လူသားချင်း စာနာ နားလည်တဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြုလုပ်နေတုန်း ပြီးခဲ့တဲ့ နှစ် မတ်လတုန်းက အဲဒီ့ အကြမ်းဖက် အဖွဲ့ရဲ့ ဖမ်းဆီးတာ ကို ခံခဲ့ရတာ ဖြစ်ပါတယ်။

IS တို့ ဒုတိယမြောက် ခေါင်းဖြတ် သတ်ပြခဲ့တဲ့ အမေရိကန် စာနယ်ဇင်းသမား Steven Sotloff ရဲ့ ဗီဒီယို ထဲမှာ မစ္စတာ ဟိန်းစ်ကိုပါ ရိုက်ပြခဲ့ပြီး သူ့အလှည့် ကျလာမယ် ဆိုပြီး ခြိမ်းခြောက် ထားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ