အရှေ့အလယ်ပိုင်းခရီး အောင်မြင်ကြောင်း ကယ်ရီ ဆို

_john_kerry ဓာတ်ပုံ မူပိုင်
Image caption ဂျွန်ကယ်ရီ ခရီးစဉ် ရှင်းပြ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ် အတွင်း ဆွန်နီ အာရပ်နိုင်ငံ တွေ ကပင် အိုင်အက်စ် အစ္စလာမစ် နိုင်ငံ အဖွဲ့ ရဲ့ ရန်ကို တွန်းလှန် ဖို့ အရေးမှာ ထောက်ခံအားပေး မှု တွေ ရခဲ့လို့ သူခရီးစဉ် အောင်မြင်တယ် လို့ မစ္စတာ ကယ်ရီ က ပြောပါတယ်။

ဒါကြောင့်မို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ တချို့ အစီအစဉ် တွေ ဆွဲနေပါပြီ။ အာရပ် နိုင်ငံ အများအပြား ဟာ လေကြောင်း တိုက်ပွဲ မှာပင်၊ ဝင်ကူ တိုက်ပေးမယ် လို့ ဆိုပေမဲ့၊ တကယ်တော့ ဒီကိစ္စ မှာ အီရပ် အစိုးရ ရဲ့ ခွင့်ပြုချက်နဲ့ မှ ဖြစ်နိုင်မှာပါ။ အကြောင်း ကတော့ အိုင်အက်စ် ကို ချေမှုန်းရေး မှာ အီရပ် ကို အခြေပြု ရမှာပါ။ နောက်တချက် က လေကြောင်း စစ်ဆင်ရေး ကို ဘယ်လိုစီမံ ခန့်ခွဲမယ် ဆိုတာလည်း ဆုံးဖြတ် ကြရဉီးမှာပါ။ အခုလို အာရပ်နိုင်ငံတွေ ဘက် က ကတိကဝတ် ခံဝန်ချက်တွေ ရလာလို့ သူအားတက်မိတဲ့ အကြောင်း မစ္စတာ ကယ်ရီ က ပြောပါတယ်။

အရှေ့အလယ်ပိုင်း ဒေသထဲကရော၊ ပြင်ပနိုင်ငံတွေ အပြင် အမေရိကန် အပါအဝင် နိုင်ငံတွေ ဟာ လိုအပ်ရင် စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်ကြဖို့ အသင့် ဖြစ်နေကြပုံ၊ ဒါ့အပြင့် တခြားနည်းတွေ နဲ့ ပံ့ပိုးပေးရေး အပိုင်းတွေ မှာ လည်း ပါဝင်လာမှု များလာ တာ တွေ့ရ တာရယ်၊ ဒီစိမ်ခေါ်မှု ကို တနိုင်ငံ တဖွဲ့ အနေနဲ့ မဖြေရှင်း နိုင်ဘူးလို့ ပြောတဲ့ အကြောင်း မစ္စတာ ကယ်ရီ က ရှင်းပြပါတယ်။

သူတို့ ပိုင်နက် နယ်မြေ မှာ ဆီးရီးယား ကို တိုက်နေတဲ့ သူပုန် အဖွဲ့ ကို စစ်ရေး သင်ကြားလေ့ကျင့်ခွင့် ကို ဆော်ဒီအရေဗျ နိုင်ငံ အပြင်၊ တချို့ နိုင်ငံတွေ ကပါ ကမ်းလှမ်းကြောင်း၊ အာရပ်စော်ဘွားများ နိုင်ငံ ကလည်း သြစတြေလျ တပ်တွေ ကို လက်ခံမယ် လို့ ဆိုပေမဲ့ တူရကီ နိုင်ငံ ကတော့၊ နေတိုး ရဲ့ လေကြောင်း အခြေစိုက်စခန်း အဖြစ် စစ်ရေး နဲ့ မပတ်သက်တဲ့ ပစ္စည်း အတင်အချ လုပ်ခွင့်သာ ပေးမယ် လို့ မစ္စတာ ကယ်ရီ က ရှင်းပြပါတယ်။