ဒေးဗစ်ဟိန်းစ်အတွက် IS ကို ချေမှုန်းမယ်

haines_beheading_haines_beheading_cameron ဓာတ်ပုံ မူပိုင် Getty
Image caption ဗြိတိန် ဝန်ကြီးချူပ် ဒေးဗစ် ကင်မရွမ်း

ဗြိတိသျှ ဓားစာခံ ဒေးဗစ်ဟိန်းစ် ကို သတ်ဖြတ်ခဲ့ တဲ့ အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် အဖွဲ့ ကို ခြေမှုန်းနိုင်ရေး အတွက် ဆောင်ရွက်ရမှာ မှန်သမျှ ကို အစွမ်းကုန် လုပ်ဆောင် သွားမယ် လို့ ဗြိတိန် က ပြောလိုက်ပါ တယ်။

ဝန်ကြီးချူပ် ဒေးဗစ်ကင်မရွမ်း က အဆိုပါ အစွန်းရောက်တွေ ဟာ မွတ်ဆလင်မ်တွေ မဟုတ်၊ လူ့မိစ္ဆာ တွေသာ ဖြစ်တယ်လို့လည်း ပြောပြီး တရားမျှတမှု ကို ဖော်ဆောင်နိုင် ဖို့ သူတို့ကို လိုက်လံ တိုက်ခိုက် ပစ်မယ် လို့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံထဲ မှာ စစ်ဘေး ဒုက္ခသည်တွေ ကို ကူညီနေရင်း လွန်ခဲ့တဲ့ ၁နှစ်ခွဲ ကတည်းက အဖမ်းခံ ရခဲ့တဲ့ မစ္စတာ ဟိန်းစ်ကို ခေါင်းဖြတ် သတ်နေတာ ဖော်ပြထား တဲ့ ဗီဒီယိုကို အစွန်းရောက်တွေ က ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီ့ IS အစွန်းရောက် တွေဟာ ပြီးခဲ့တဲ့ လထဲကလည်း အမေရိကန် ၂ ဦး ကို သတ်ဖြတ် ခဲ့ကြ ပါသေး တယ်။

အခု နောက်ဆုံး ဗီဒီယိုထဲမှာလည်း အင်္ဂလိပ် လေယူလေသိမ်း နဲ့ စကားပြောတဲ့ မျက်နှာဖုံစွပ်လူ ပါဝင်ပြီး၊ ဒုတိယမြောက် ဗြိတိသျှ တစ်ဦးကို ထပ်မံ သတ်ပြဦးမယ် ဆိုပြီး ခြိမ်းခြောက် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ