သူပုန်နယ်တွေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ယူကရိန်း ပေး

ဓာတ်ပုံ မူပိုင် AFP
Image caption ယူကရိန်း ပါလီမန်မှာ အီးယူနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လည်း အတည်ပြု

ယူကရိန်း အရှေ့ပိုင်းက သူပုန် နယ်မြေတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပြုဖို့အတွက် ယူကရိန်း ပါလီမန်က အတည်ပြုပေး လိုက်ပါတယ်။

အဲဒီလို ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတည်ပြုချက်မှာ ရာဇဝတ်မှု ကြီးကြီးမားမား မကျူးလွန်တဲ့ သူပုန်တွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့အတွက်လည်း ပါဝင်ပါတယ်။

ယူကရိန်း ပါလီမန်ရဲ့ အခုလို အတည်ပြုချက် တွေဟာ ယူကရိန်း အစိုးရနဲ့ သူပုန်တွေကြား လက်မှတ် ထိုးခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်ရဲ့ တစိတ်တပိုင်း အဖြစ် ဆောင်ရွက်တာ ဖြစ်ပါတယ်။

ယူကရိန်းနဲ့ ဥရောပ သမဂ္ဂတို့ အကြား စီးပွားရေးနဲ့ နိုင်ငံရေး အရ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို တိုးမြှင့် ဆောင်ရွက်ကြဖို့လည်း ယူကရိန်း ပါလီမန်နဲ့ ဥရောပ ပါလီမန်တို့က တပြိုင်နက်တည်းမှာ အတည်ပြုခဲ့ ကြပါတယ်။

ဒါပေမယ့် လွတ်လပ်စွာ ကုန်သွယ်ခွင့်ကိုတော့ နောက်နှစ် ဒီဇင်ဘာ မတိုင်ခင် ဖော်ဆောင် နိုင်ဦးမှာ မဟုတ်ဘဲ ဒီလို ကြန့်ကြာမှုဟာ ရုရှားကို အထူး အခွင့်အရေး ပေးလိုက်သလို ဖြစ်စေတယ်လို့ ရှုမြင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ