တရုတ်က အိန္ဒိယမှာ ဒေါ်လာ ဘီလျံ ၂၀ မြှုပ်နှံမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption သဘောတူညီချက် ၁၂ ခုကို လက်မှတ်ထိုးခဲ့

တရုတ်နဲ့ အိန္ဒိယ တို့ကြား သမိုင်းဝင် စီးပွားရေး သဘောတူညီချက် တွေကို တရုတ် သမ္မတ ရှီကျင်းပင်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ တို့က ကြေညာလိုက်ပါတယ်။

အဲဒီ သဘောတူညီချက် တွေအရ တရုတ်တို့က လာမယ့် ၅ နှစ်အတွင်း အိန္ဒိယမှာ ဒေါ်လာ ဘီလျံ ၂၀ ရင်းနှီး မြှုပ်နှံသွားမှာ ဖြစ်ပြီး အဲဒီ အစီအစဉ်တွေထဲမှာ တရုတ်တို့က စက်မှုဇုန် ၂ခု တည်ဆောက်ပေးမယ့် အစီအစဉ်လည်း ပါဝင် ပါတယ်။

အခု ကြေညာချက်ဟာ တရုတ် သမ္မတ ရှီကျင်ပင်းရဲ့ အိန္ဒိယ ခရီးစဉ် ဒုတိယနေ့မှာ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

အိန္ဒိယ နယ်မြေထဲကို တရုတ် တပ်ဖွဲ့တွေ ဝင်ရောက် ခဲ့တယ်လို့ အိန္ဒိယ ဘက်က စွပ်စွဲမှုတွေ ရှိနေတာကြောင့် ၂ နိုင်ငံ နယ်ခြား အငြင်းပွားမှု ပြသနာတွေကိုလည်း ဖြေရှင်းဖို့ လိုအပ်ကြောင်း ခေါင်းဆောင် ၂ ဦးစလုံးက အလေးထား ပြောဆို ကြပါတယ်။

အိန္ဒိယဟာ ထုတ်ကုန်တွေ အခြေပြု ထုတ်လုပ်နိုင်တဲ့ နေရာ ဖြစ်လာဖွယ် ရှိပြီး ကြီးထွား လာနေတဲ့ စားသုံးသူ စျေးကွက် ရှိတာကြောင့် တရုတ်တို့ အနေနဲ့ အိန္ဒိယကို မျက်စိကျနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ