အာဖဂန် သမ္မတလောင်းတွေ အာဏာခွဲဝေ

Ghani, Abdullah ဓာတ်ပုံ မူပိုင် AFP
Image caption အာဏာခွဲ ယူကြဖို့ သဘောတူခဲ့ကြပြီ

အာဖဂန်နစ္စတန်မှာ လွန်ခဲ့တဲ့ သုံးလက လုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲပြီးကတည်းက သူနိုင်ကိုယ်နိုင် အငြင်းပွားနေတဲ့ သမ္မတလောင်းနှစ်ယောက် အခုတော့ အမျိုးသား ညီညွတ်ရေး အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ သဘောတူလိုက်ကြပါပြီ။

သမ္မတလောင်း အဗ္ဗဒူလာ အဗ္ဗဒူလာရဲ့ ပြောရေးဆိုခွင့်ရှိသူက မစ္စတာ အဗ္ဗဒူလာဟာ သူ့ပြိုင်ဖက် အာရှရပ်ဖ် ဂါနီ သမ္မတရာထူး ယူမှာကို သဘောတူလိုက်ပြီလို့ ပြောပါတယ်။

အပြန်အလှန်အားဖြင့် ဝန်ကြီးချုပ် ရာထူးနဲ့ ညီမျှတဲ့ အုပ်ချုပ်ရေးမှူးချုပ် ရာထူးကို အသစ်ဖန်တီးပြီး အဲဒီနေရာအတွက်တော့ မစ္စတာ အဗ္ဗဒူလာအဗ္ဗဒူလာက သူ့ဖက်က တဦးကို အဆိုပြုပေးမှာ ဖြစ်ပါတယ်။

မနက်ဖန်မှာတော့ ရွေးကောက်ပွဲ ကော်မရှင်က မဲ ရွေးပွဲ ရလာဒ်တွေကို ကြေငြာပေးမှာ ဖြစ်ပါတယ်။ အာဏာခွဲဝေတဲ့ သဘောတူချက်ကို လည်း မနက်ဖန် တခါတည်း ကြေငြာသင့်မသင့်ကို တော့ နှစ်ဖက် ဆက်ညှိနေကြပါတယ်။

မဲ ရေတွက်မှုတွေဟာ သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ အာရှရဖ် ဂနီနဲ့ အဗ္ဗဒူလာ အဗ္ဗဒူလာတို့ အကြား အပြန်အလှန် စွပ်စွဲ အငြင်းပွားနေမှုတွေကြောင့် အပြီးမသတ်နိုင်ပဲ ကြာနေခဲံရတာပါ။

ကုလသမဂ္ဂ ဦးဆောင်ပြီး မဲ တွေကို စိစစ်မှုတွေ ဆက်လုပ်နေပါတယ်။