သမ္မတအိုဘားမား ကုလညီလာခံမှာ IS အန္တရာယ် ပြော

_obama_304x171 ဓာတ်ပုံ မူပိုင် AP
Image caption ကုလညီလာခံတက် သမ္မတ အိုဘားမား

နယူးယောက် မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ အမေရိကန် သမ္မတ အိုဘားမား က အိုင်အက်စ် အစ္စလာမ္မစ် အဖွဲ့ ရဲ့ ရန် ကို အဓိက ထားပြောကြား တဲ့ အခါမှာ၊ အမေရိကန် ရဲ့ နိုင်ငံခြားရေး ပေါ်လစီ ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကို ဘဲ ဇောင်းပေး တာ မဟုတ်ပေ မဲ့၊ လက်ရှိ အခြေအနေ အရ ကမ္ဘာ ကို ခြိမ်းခြောက်နေတဲ့ အိုင်အက်စ် အဖွဲ့ ကို အာရုံစိုက်နေ ရတဲ့ အကြောင်း ပြောပါတယ်။

ဒါ ဟာ ဘာကို ပြသ သလည်း ဆိုရင်၊ မနှစ် က အိုင်အက်စ် အဖွဲ့ ရဲ့ အန္တရာယ် ဟာ အခုလောက် မကြီးထွား သေးဘူးလို့ ဆိုပေမဲ့၊ လတ်တလော အနေအထား အရ သူ့သမ္မတ သက်တမ်း ကုန်တဲ့ အထိ၊ သူ့စကား အတိုင်း ပြောရရင် သေမင်းတမန် ကွန်ယက် ဟာ သူ့ ကို အလုပ်ရှုတ်နေစေ မှာ ဖြစ်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က သုံးသပ်ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ အိုင်အက်စ် နှိမ်နင်းရေး မှာ နိုင်ငံပေါင်း ၅ဝ ကျော်၊ ပူးပေါင်း ပါဝင် လာပြီ ဖြစ်တဲ့ အတွက်၊ ကမ္ဘာ့ နိုင်ငံတွေ အကြားမှာ ခိုင်ခံတဲ့ လှုပ်ရှားမှု၊ ပြောသလို လုပ်ရမဲ့ အနေအထား၊ ကုလ သမဂ္ဂ ဆုံးဖြတ်ချက် တွေ နဲ့ မလုံလောက်တော့ ဘူးဆိုတာတွေ ကို သမ္မတ အိုဘားမား က ထောက်ပြ သွားပါ တယ်။ ဒီ အကြမ်းဖက် သမားတွေ အတွက် နယ်ခြား ဆိုတာလည်း မရှိလို့ ဒေသတွင်းသာမက၊ ကမ္ဘာ ကို ပါ ခြိမ်းခြောက်တဲ့ အဆင့် ရောက်နေတာကိုလည်း ပြောသွားပါတယ်။

ဒါပေမဲ့ အိုင်အက်စ် နှိမ်နင်းရေး မှာ တိုက်ပွဲတွေ ဘဲ ဦးစားပေးနေလို့ မဖြစ်ဘဲ၊ လူငယ်တွေ ရဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာ ထဲ ပါနေတဲ့၊ အကြမ်းဖက်မှု နဲ့ ပြဿနာ ကို ဖြေရှင်းမယ်၊ နိုင်ငံရေး အရ အကျပ်ကိုင်မယ် ဆိုတဲ့ အယူအဆ ကိုပါ သတိချပ် ဖို့ သမ္မတ အိုဘားမား က ပြောသွားပါတယ်။