အိန္ဒိယနွယ်ဖွား အမေရိကန်တွေကို မိုဒီ မိန့်ခွန်းပြော

_narendra_modi_in_us_trip_attracts_crowd_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဝန်ကြီးချူပ် မိုဒီ ကို ကြိုဆို နေကြတဲ့ အိန္ဒိယ နွယ်ဖွား အမေရိကန် တွေ။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကို တက်ရောက် ရင်း အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိ နေတဲ့ အိန္ဒယ ဝန်ကြီးချူပ် နရိန္ဒရာ မိုဒီ ကို သောင်းနဲ့ ချီတဲ့ အိန္ဒိယ နွယ်ဖွား အမေရိကန် နိုင်ငံသား တွေက သောင်းသောင်း ဖျဖျ နှုတ်ခွန်း ဆက်ခဲ့ကြပါ တယ်။

ဝန်ကြီးချူပ် မိုဒီဟာ နယူးယောက် မြို့ ရဲ့ နာမည်ကျော် Madison Square Garden လို့ ခေါ်တဲ့ ရင်ပြင် မှာ အိန္ဒိယ နွယ်ဖွား တစ်သောင်း ရှစ်ထောင် နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

၂၁ ရာစု ဆိုတာ၊ ကမ္ဘာပေါ် မှာ လူငယ်မျိုးဆက် သစ်တွေ အများဆုံး ရှိရာ အိန္ဒိယ ပြည် အတွက် ဖြစ်လာ လိမ့်မယ် ဆိုပြီး၊ ဝန်ကြီးချူပ် မိုဒီက စုဝေး ရောက်ရှိ နေသူတွေ ကို ပြောခဲ့ပါ တယ်။

အိန္ဒိယ ပြည်ကြီး ရဲ့ စီးပွားရေး ပိုမို ဖွံ့ဖြိုးလာ ဖို့ လုပ်ဆောင်စရာ ရှိတာ မှန်သမျှ အားလုံး ကို သူ ဦးဆောင် တဲ့ အစိုးရ အနေနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း လည်း ဝန်ကြီးချူပ် မိုဒီက ပြောပါတယ်။

မစ္စတာ မိုဒီဟာ လူထု မိန့်ခွန်းကို ဟင်ဒီ ဘာသာ စကားနဲ့ ပြောကြားခဲ့တာ ဖြစ်ပေမယ့်၊ အမေရိကန် ဥပဒေပြု လွှတ်တော် အမတ် ၃၀ ကျော် လည်း လူအုပ်ကြားထဲ မှာ လာရောက် နားထောင် နေခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ