အီရန်ဟာ IS ထက်ကမ္ဘာကို ခြိမ်းခြောက်နေလို့ ဆို

netanyahu ဓာတ်ပုံ မူပိုင် AFP
Image caption အီရန်က ပိုပြီး ကမ္ဘာကို ခြိမ်းခြောက် နိုင်တယ်

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု က အီရန်ဟာ အစ္စလာမ္မစ် နိုင်ငံ တပ်တွေ ထက် ပိုပြီး ကမ္ဘာကို ခြိမ်းခြောက် နိုင်တယ်လို့ ပြောကြား လိုက်ပါတယ်။

အီရန်သာ အဏုမြူ ဗုံး လုပ်နိုင်ပြီ ဆိုရင် ဟန်လုပ် ထားတဲ့ အပြုံးတွေ ပျောက်ကွယ် သွားလိမ့်မယ်လို့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှာ မစ္စတာ နေတန်ညာဟုက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

IS အစ္စလာမ္မစ် တပ်တွေကို ချေမှုန်း ပြီး အဏုမြူ အင်အားကို တည်ဆောက် နေတဲ့ အီရန် ကို ချန်ထားခဲ့မယ် ဆိုရင် ရေတိုမှာ အနိုင်ရပြီး ရေရှည် စစ်ကြီးကို ရှုံးလိမ့်မယ်လို့ သူက ပြောပါတယ်။

ပါလက်စတိုင်းက Hamas အဖွဲ့ကိုလဲ IS နဲ့ အလားသဏ္ဍာန် တူကြောင်း၊ ဒီ၂ ဖွဲ့လုံးဟာ နာဇီ လိုပဲလို့ ခိုင်းနှိုင်းပြီး သူက ပြောကြား ခဲ့ပါတယ်။

နာဇီ တွေက သခင် လူမျိုးကြီး ဝါဒကို ယုံကြည် သလို အစ္စလာမ် စစ်သွေးကြွ တွေကလဲ ဘာသာကြီး ဝါဒ ရှိတယ်လို့ နေတန်ညာဟု က ပြောခဲ့တာပါ။

မစ္စတာ နေတန်ညာဟု စကား တွေဟာ အချက်အလက် တွေနဲ့ သွေဖီ လွဲမှား နေကြောင်း ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ