ဂျပန်မှာ အင်အားပြင်း တိုင်ဖွန်း ဝင်ရောက်

ဓာတ်ပုံ မူပိုင် epa
Image caption ခရီးစဉ်တွေ ရွှေ့ဆိုင်းခဲ့ရ

ဂျပန် နိုင်ငံမှာ တစ်နာရီကို ကီလိုမီတာ နှစ်ရာ နီးပါး ပြင်းအား ရှိတဲ့ Phanfone တိုင်ဖွန်း မုန်တိုင်း တိုက်ခတ် သွားခဲ့တဲ့ အတွက် နိုင်ငံအနှံ့ လုပ်ငန်းတွေ ရပ်ဆိုင်းကုန်ပြီး အပျက်အစီးတွေ ရှိခဲ့ပါတယ်။

တိုင်ဖွန်းကြောင့် မြင့်မားတဲ့ လှိုင်းလုံးကြီးတွေ တက်လာပြီး အိုကီနာဝါ ကျွန်းက အမေရိကန် တပ်သား တစ်ဦး သေဆုံးကာ နှစ်ဦး ပျောက်ဆုံး နေပါတယ်။

ထောင်နဲ့ ချီတဲ့ နေအိမ်တွေမှာ လျှပ်စစ်မီး ပြတ်တောက် ကုန်ပြီး လေကြောင်း ခရီးစဉ်တွေနဲ့ ရထား ခရီးစဉ်တွေလည်း ရွှေ့ဆိုင်း ထားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မီးတောင် ပေါက်မှုမှာ ပျောက်ဆုံး နေသူတွေကို ရှာဖွေ ကယ်ဆယ်ရေးတွေ ကိုလည်း အခု မုန်တိုင်းကြောင့် ရပ်ဆိုင်း ထားလိုက်ရပါတယ်။

အခုတော့ မုန်တိုင်းဟာ ပစ္စိဖိတ် သမုဒ္ဒရာ ဘက်ကို ဦးတည်သွားနေပြီး အင်အား ပျော့သွားပြီလို့ သိရပါတယ်။

ဂျပန်မှာ တစ်နှစ်ကို တိုင်ဖွန်း မုန်တိုင်း ပျမ်းမျှ ၁၁ ခု ဝင်ရောက် လေ့ရှိတယ်လို့ ဂျပန် မိုးလေဝသ ဌာနက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ