စပိန် သူနာပြု အီဘိုလာ ကူးစက်ခံရ

ဓာတ်ပုံ မူပိုင် Getty
Image caption အီဘိုလာ ကူးစက်ခံရတဲ့ သူနာပြုကို ဆေးရုံကို သယ်လာစဉ်။

အာဖရိက အပြင်ဘက်မှာ ပထမဆုံး အကြိမ် အီဘိုလာ ကူးစက် ခံရမှု အဖြစ် စပိန် နိုင်ငံ မဒရစ် မြို့ ဆေးရုံ တစ်ရုံက သူနာပြု အမျိုးသမီး တစ်ဦး အီဘိုလာ ကူးစက် ခံခဲ့ရမှုကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အဲဒီ သူနာပြုဟာ အာဖရိက ကနေ ရောဂါ ကူးစက် ခံရပြီး ပြန်လာတဲ့ ခရစ်ယာန် သာသနာ ပြု ၂ ဦးကို ပြုစု ပေးခဲ့ရသူတွေ ထဲက တစ်ယောက် ဖြစ်ပြီး အဲဒီ သာသနာပြု ၂ ဦးကတော့ သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ သူနာပြုရဲ့ ခင်ပွန်း အပါအဝင် တခြား လူ ၃ ဦးကိုလည်း သီသန့် ခွဲထားပြီး စောင့်ကြည့် နေပါတယ်။

ဥရောပ ကော်မရှင် ကလည်း အဲဒီ သူနာပြု အီဘိုလာ ကူးစက် ခံရပုံကို ရှင်းလင်း ဖော်ပြဖို့ စပိန် နိုင်ငံကို တောင်းဆို ထားပါတယ်။

အီဘိုလာ ရောဂါနဲ့ သေဆုံးသွားတဲ့ သာသနာပြု ၂ ဦးကို ပြုစုပေးခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်း အယောက် ၃၀ ရှိပြီး အဲဒီ အထဲမှာ ဒီသူနာပြုက တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

အီဘိုလာ ရောဂါကြောင့် အခုအချိန်အထိ လူ ၃၄၀၀ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ