အပြည့်အဝ လကြတ်ချိန် မြင်ရတဲ့ အနီရောင် လ

ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် နိုင်ငံကနေ မြင်ရတဲ့ အနီရောင်လ

မြောက် အမေရိက၊ သြစတြေးလျနဲ့ အာရှတိုက် အရှေ့ပိုင်းက လူတွေဟာ နာရီ အတော်ကြာတဲ့ အပြည့်အဝ လကြတ်မှုကို တွေ့ခဲ့ရပြီး Blood Moon လို့ တင်စားတဲ့ အံ့မခန်းဖွယ် အနီရောင် ရှိတဲ့ လမင်းကို မြင်ခဲ့ ကြရပါတယ်။

အခုနှစ် အတွင်း ၂ကြိမ်မြောက် ဖြစ်တဲ့ လကြတ်ချိန်မှာ ကမ္ဘာရဲ့ တစ်ခုတည်းသော ဂြိုဟ်ရံလကို ကမ္ဘာကြီးရဲ့ အရိပ်က အပြည့်အဝ ဖုံးအုပ် သွားခဲ့ပါတယ်။

ကမ္ဘာ့ လေထုကို ဖြတ်သန်းသွားတဲ့ နေရဲ့ အလင်းက လပေါ် တပိုင်းတစ ကျရောက်ပြီး လိမ္မော်ရင့်ရောင်နဲ့ အနီရောင် ရှိတဲ့ လကို မြင်ကြရတာ ဖြစ်ပါတယ်။

ဥရောပ၊ အာဖရိကနဲ့ ဘရာဇီး အရှေ့ပိုင်းက လူတွေကတော့ ဒီရှုခင်းကို မမြင်ခဲ့ကြရပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ