ကိုဘာနီမြို့ တိုက်ပွဲ ဆက်လက် ပြင်းထန်

ဓာတ်ပုံ မူပိုင် epa
Image caption ကိုဘာနီမြို့ပေါ် လေကြောင်း တိုက်ခိုက်မှု တစ်ခု

ဝိုင်းရံ ပိတ်ဆို့ ခံထားရတဲ့ ဆီးရီးယား နိုင်ငံ ကိုဘာနီမြို့ ဝန်းကျင်က IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ တိုက်ခိုက်ရေး သမားတွေကို အမေရိကန် ဦးဆောင်တဲ့ ပူးပေါင်း တပ်ဖွဲ့တွေက လေကြောင်း တိုက်ခိုက်မှုတွေ ထပ်မံ ပြုလုပ်နေပါတယ်။

ကြီးမားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ၆ ကြိမ် လုပ်ခဲ့ပြီး ကိုဘာနီမြို့ ဝန်းကျင်က IS တွေရဲ့ လက်နက်တွေကို ဖျက်ဆီး နိုင်ခဲ့တယ်လို့ အမေရိကန် ဗဟို ကွပ်ကဲရေး ဌာနက ပြောပါတယ်။

အခုတော့ IS စစ်သွေးကြွတွေ နောက်ဆုတ်အောင် ကာ့ဒ် တပ်ဖွဲ့တွေက တိုက်ခိုက် လာနိုင်ပြီလို့ ကိုဘာနီ မြို့ထဲက အရာရှိ တစ်ဦးက ပြောပါတယ်။

တူရကီ မှာတော့ ကိုဘာနီ မြို့ကို ကာကွယ်ဖို့ အစိုးရက ပျက်ကွက်တယ် ဆိုပြီး ပြီးခဲ့တဲ့ ညက ကာ့ဒ် လူမျိုးတွေ ဆန္ဒပြခဲ့ရာမှာ အကြမ်းဖက်မှု တွေကြောင့် လူ ၁၄ ယောက် သေဆုံးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ