တူရကီက IS ကို တစ်ဦးတည်း မတိုက်နိုင်

ဓာတ်ပုံ မူပိုင် AFP
Image caption ကိုဘာနီ မြို့အနီး နယ်စပ်မှာ တူရကီ တင့်ကားတွေ ချထား

ဆီးရီးယား နိုင်ငံမှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ စစ်သွေးကြွတွေကို မြေပြင် တိုက်ခိုက်မှုတွေ လုပ်ရာမှာ တူရကီက သူ တစ်ဦးတည်း ဆောင်ရွက်ဖို့ မဖြစ်နိုင်ကြောင်း တူရကီ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

တူရကီ နယ်စပ် ဆီးရီးယား ထဲက ကိုဘာနီ မြို့မှာ အဝိုင်းခံထားရတဲ့ ကာ့ဒ်တွေကို ဝင်ရောက် ကူညီပေးခြင်း မရှိတဲ့အတွက် တူရကီ အပေါ် နိုင်ငံတကာက ဝေဖန်မှုတွေ ထွက်ပေါ်လာတာကြောင့် အခုလို တုံ့ပြန် ပြောဆို လိုက်တာပါ။

ကိုဘာနီမြို့မှာ တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားနေပြီး အခုအခါ မြို့ရဲ့ သုံးပုံ တစ်ပုံကို IS စစ်သွေးကြွတွေက သိမ်းပိုက် လိုက်နိုင်ပြီလို့ သိရပါတယ်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu က နေတိုး အတွင်းရေးမှူးချုပ် Jens Stoltenberg နဲ့ တူရကီ မြို့တော် အန်ကာရာမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ရာမှာ တူရကီနဲ့ ဆီးရီးယား နယ်စည်း တဝိုက်မှာ လေယာဉ် မပျံသန်းရ ဇုန် သတ်မှတ် ပေးဖို့လည်း တောင်းဆို လိုက်ပါတယ်။

နောက်ပြီး အမေရိကန် ဦးဆောင်တဲ့ မြေပြင်တပ်တွေ ချထားပေးဖို့နဲ့ ဆီးရီးယား သမ္မတ ဘာရှာ အဲလ် အာဆတ်ကို ဖယ်ရှားဖို့လည်း သူက တောင်းဆိုလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ