ကိုဘာနီ မြို့မှာ လူ ၇၀၀ ပိတ်မိနေဆဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား တူရကီ နယ်စပ် တောင်ကုန်းပေါ်က ကာ့ဒ်လူမျိုးတွေ

ဆီးရီးယား နယ်စပ်က ကိုဘာနီ မြို့တွင်းမှာ အသက် ကြီးသူတွေ အများစု ပါဝင်တဲ့ လူ ၇၀၀ လောက် ပိတ်မိနေဆဲ ဖြစ်တယ်လို့ ကုလ သမဂ္ဂရဲ့ ဆီးရီးယား အထူး သံတမန်က သတိပေး လိုက်ပါတယ်။

ကိုဘာနီ မြို့ကိုIS အဖွဲ့ရဲ့ သိမ်းပိုက်မှု ကနေ ကာကွယ် နိုင်ဖို့ တူရကီ အနေနဲ့ စေတနာ့ ဝန်ထမ်း စစ်သားတွေကို ဆီးရီးယားထဲ ဝင်ခွင့် ပေးသင့်တယ် လို့လည်း အထူး သံတမန် Staffan de Mistura က ပြောပါတယ်။

ကိုဘာနီ မြို့ထဲက ကာ့ဒ် တွေရဲ့ ရုံးချုပ်ကို IS အဖွဲ့က သိမ်းပိုက် လိုက်နိုင်ပြီလို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ကာ့ဒ် အရာရှိတွေကတော့ ဒီသတင်းကို ငြင်းပယ် ထားပါတယ်။

ကိုဘာနီ မြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ IS အဖွဲ့ စစ်သွေးကြွတွေကို ကာ့ဒ် တပ်ဖွဲ့တွေက အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှု အကူအညီတွေနဲ့ သုံးပတ်ကြာ ခုခံထားပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

IS အဖွဲ့တွေရဲ့ ထိုးစစ်ကို တွန်းလှန် နိုင်ဖို့ လက်နက်နဲ့ ခဲယမ်းတွေ အရေးပေါ် လိုအပ်နေတယ် လို့လည်း ကာ့ဒ် တပ်ဖွဲ့တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ