အီဘိုလာကြောင့် ကုလ ဝန်ထမ်း ဂျာမနီမှာ သေဆုံး

ဓာတ်ပုံ မူပိုင် epa
Image caption St Georg ဆေးရုံမှာ အီဘိုလာ လူနာ ကုသခံနေခဲ့

အီဘိုလာ ရောဂါ ကူးစက် ခံရလို့ ဂျာမနီ နိုင်ငံမှာ ဆေးကုသမှု ခံယူနေတဲ့ ကုလသမဂ္ဂ ဆေးဝန်ထမ်း တစ်ယောက် ဆေးရုံမှာ ကွယ်လွန် သွားခဲ့ပါတယ်။

သေဆုံးသူဟာ ၅၆ နှစ်အရွယ် ဆူဒန် နိုင်ငံသား ဖြစ်ပြီး သူ့ကို စမ်းသပ် ဆေးဝါးတွေနဲ့ ကုသ ပေးနေတဲ့ ကြားက ကွယ်လွန် သွားတာ ဖြစ်တယ်လို့ ဆရာဝန် တွေက ပြောပါတယ်။

သူ့ကို ပြီးခဲ့တဲ့ တစ်ပတ်က လိုင်ဘေးရီးယား နိုင်ငံ ကနေ ခေါ်လာခဲ့ပြီး ဂျာမနီ နိုင်ငံ လိုက်ပ်ဇစ်ခ် Leipzig မြို့က St Georg ဆေးရုံမှာ ကုသမှု ပေးနေခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဂျာမနီမှာ ကုသ ပေးနေတဲ့ အီဘိုလာ ရောဂါရှင်တွေ ထဲက ၃ ဦးမြောက် ဖြစ်ပြီး ကျန် နှစ်ဦးအနက် တစ်ဦးကတော့ အခြေအနေ ပြန်လည် ကောင်းမွန် လာတယ်လို့ သိရပါတယ်။

တစ်ခါ ဗြိတိန် နိုင်ငံမှာလည်း လန်ဒန်မြို့ ဟီသရိုး လေဆိပ်မှာ ခရီသည်တွေကို ရောဂါ ရှိမရှိ စတင် စမ်းသပ် စစ်ဆေးနေပါတယ်။

အီဘိုလာ ရောဂါ အဆိုးဆုံး ဖြစ်ပွားနေတဲ့ အနောက် အာဖရိက တိုက်က လိုင်ဘေးရီးယား၊ ဆီယာရာ လီယွန်းနဲ့ ဂီနီ နိုင်ငံတို့က လာရောက်တဲ့ ခရီးသည်တွေကို ရောဂါနဲ့ ပတ်သက်ပြီး စစ်မေးတာ၊ ကိုယ်အပူချိန် တိုင်းတာတွေ ပြုလုပ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ