ဟောင်ကောင်မှာ ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့

ဓာတ်ပုံ မူပိုင် AFP
Image caption ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့ နေရာတွေကို ရဲတွေ ရှင်းလင်း ဖယ်ရှားခဲ့

ဟောင်ကောင်မှာ သီတင်း နှစ်ပတ်ကျော်ကြာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့အပြီး တင်းမာမှုတွေ ကြီးထွား လာနေရာမှာ ဆန္ဒပြသူ လူအုပ်ကြီးနဲ့ အဓိကရုဏ်း ရဲတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရ ဌာနချုပ် အဆောက်အအုံတွေနားက မြေအောက် လမ်းကူး တခုမှာ ရှိနေတဲ့ ဆန္ဒပြသူတွေကို အဓိကရုဏ်း ရဲ ရာပေါင်း များစွာက ဝင်ရောက် ဖယ်ရှားခဲ့ကြပါတယ်။

ဒိုင်းတွေ ကိုင်ဆောင်ထားတဲ့ ရဲအရာရှိတွေက ဆန္ဒပြသူ လူအုပ်ထဲကို မျက်ရည်ယိုစေတဲ့ အရည်တွေ ဖျန်းပက်ခဲ့ကြပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။

လူအတော်များများ ဒဏ်ရာ ရခဲ့ကြပြီး ဆန္ဒပြသူ အများအပြား အထိန်းသိမ်း ခံခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။

လာမယ့် ဟောင်ကောင် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲကို ဒီမိုကရေစီ အပြည့်အဝ ရှိရှိ ကျင်းပပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဆန္ဒပြသူတွေက ဟောင်ကောင်ရဲ့ အရေးပါတဲ့ နေရာတွေကို သိမ်းပိုက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။