ကိုဘာနီမြို့က IS တွေကို တိုက်ထုတ်နိုင်ပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption ကိုဘာနီမြို့ အနီးက ကာ့ဒ်လူမျိုးတွေ အောင်ပွဲခံစဉ်။

ဆီးရီးယား နိုင်ငံ မြောက်ပိုင်း ကိုဘာနီမြို့က IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ စစ်သွေးကြွတွေ အားလုံး နီးပါးကို တိုက်ထုတ် နိုင်ခဲ့ပြီလို့ ကာ့ဒ် လက်နက်ကိုင် တပ်ဖွဲ့ရဲ့ အမျိုးသမီး အကြီးအကဲ Baharin Kandal က ဘီဘီစီကို ပြောပါတယ်။

IS အဖွဲ့ တပ်တွေဟာ ကိုဘာနီမြို့ရဲ့ ဒေသ အားလုံး ကနေ ဆုတ်ခွာ သွားကြပြီ ဖြစ်ကြောင်း၊ ဒါပေမယ့် မြို့ အရှေ့ပိုင်းမှာ ခုခံ တိုက်ခိုက်နေဆဲ နေရာ ၂ ခုလောက်တော့ ရှိသေးကြောင်း သူမက ပြောပါတယ်။

IS တပ်တွေကို တိုက်ထုတ်ရာမှာ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေက အများကြီး အထောက်အကူ ဖြစ်ခဲ့ကြောင်း၊ မကြာခင်မှာ ကိုဘာနီမြို့ လုံးဝ လွတ်မြောက် သွားတော့မယ်လို့ မျှော်လင့်ကြောင်း မြို့ အရှေ့ပိုင်းက ကာ့ဒ်တွေရဲ့ စစ်ဆင်ရေးကို ဦးစီးနေတဲ့ တပ်မှူး မစ္စစ် Kandal က ပြောပါတယ်။

ကိုဘာနီမြို့ကို သိမ်းပိုက်နိုင်ဖို့ အစွန်းရောက် IS အဖွဲ့က လွန်ခဲ့တဲ့ တစ်လက ထိုးစစ်ဆင် ခဲ့ပြီး နောက်ပိုင်း လူတွေ ရာနဲ့ချီ အသက် ဆုံးရှုံး ခဲ့ကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ