အီဘိုလာကုသရေးထိုးဆေး ရှေ့နှစ်အသင့်လို့ ပြော

who_ebola ဓာတ်ပုံ မူပိုင် EPA
Image caption WHO မှအီဘိုလာ ထိုးဆေး အကြောင်းရှင်း

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က လာမဲ့ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ အီဘိုလာ ရောဂါ စမ်းသပ်ကုသမဲ့ ထိုးဆေး တွေ သန်းနဲ့ ချီ ထုတ်လုပ်မဲ့ အကြောင်း ပြောပါတယ်။ ဒီထိုးဆေး ကို ဖေါ်ထုတ်ရေး နဲ့ ဖြန့်ဝေရေး အစီအစဉ် ကိုလည်း လျင်မြန်စေဖို့ WHO မှ ထိတ်တန်း အရာရှိ Marie-Paule Kieny က ချမှတ် နေပြီ ဖြစ်တဲ့ အကြောင်း၊ ရှင်းပြပါတယ်။

ရောဂါ ကုသရာမှာ ထိရောက်မှု ရှိမယ် လို့ မှတ်ယူထားတဲ့ ထိုးဆေး ၂ မျိုး ကိုလည်း စမ်းသပ် ကုသ ပြီးတဲ့ အကြောင်း နဲ့ နောက်ထပ် ထိုးဆေး ၅ မျိုးကို လည်း ဖေါ်စပ် ထားတဲ့ အကြောင်း ပြောပါတယ်။ ဆေး ကုမ္ပဏီ တွေ ဘက်ကလည်း ၂၀၁၅ နှစ်စ ပိုင်းမှာကို ထိုးဆေး ကို စမ်းသပ် နိုင်ရေးအတွက် လုပ်ကိုင်နေပြီ ဖြစ်တဲ့ အကြောင်း ပြောတာပါ။

WHO အနေနဲ့ အီဘိုလာ ထိုးဆေးတွေ အမြန်ဆုံး ဖေါ်ထုတ် လိုတဲ့နေရာမှာ အရင်က တခါမှ ကြိုးပန်းခဲ့ဖူးခြင်း မရှိတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။ ဥရောပ သမဂ္ဂ ကလည်း အီဘိုလာ တိုက်ဖျက်ရေး အတွက် ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံ ထည့်ဝင်လိုက်ပါပြီ။

မာလီနိုင်ငံ မှာ အီဘိုလာ ကူးစက်ခံရတဲ့ ၂ နှစ် အရွယ် ကလေး ကတော့ ကွယ်လွန်သွားပါပြီ။ ဒီကလေးနဲ့ ထိတွေ့သူ လူပေါင်း ၄၀ ကျော် ကိုလည်း မာလီ အာဏာပိုင်တွေ က စောင့်ကြည့်နေကြပါတယ်။

အမေရိကန် တက်ဆက်ပြည်နယ် မှာ အီဘိုလာ ရောဂါ ကူးစက်ခံခဲ့ရ အပြီး သေဆုံးသွားတဲ့ လူနာ ကို ပြုစုတဲ့ သူနာပြု နှစ်ယောက် ပါ ရောဂါ ကူးစက်ရာ က အခုတော့ ဗိုင်းရပ် ကင်းဆင်သွားပါပြီ။ နီနာဖမ် Nina Pham ဆိုတဲ့ သူနာပြု ဟာ Maryland ပြည်နယ် ရှိ ဆေးရုံ က ဆင်းခဲ့ အပြီးမှာ သမ္မတ အိုဘားမား က အိမ်ဖြူတော် ကို ဖိတ်ကြားလိုက်ပါတယ်။ နီနာဖမ် Nina Pham ရဲ့ လုပ်ဖေါ်ကိုင်ဖက် သူနာပြု Amber Vinson ကိုတော့ Atlanta ရှိ ဆေးရုံ ကို ခေါ်ဆောင် ကုသပေးရာမှာ အီဘိုလာ ဗိုင်းရပ်စ် ကင်းဆင်တဲ့ အဆင့် ရောက်နေပေမဲ့၊ ဆေးရုံက ဆင်းရက်တော့ မပေးသေးပါဘူး။