သင်္ဘော ကပ္ပတိန်ကို သေဒဏ်ပေးဖို့ တောင်းဆို

ဓာတ်ပုံ မူပိုင် AFP
Image caption သင်္ဘော ကပ္ပတိန်ကို တရားရုံးကို ခေါ်လာစဉ်

လူ ၃၀၀ ကျော် သေဆုံး ခဲ့ရတဲ့ ပြီးခဲ့တဲ့ ဧပြီလက နစ်မြုပ်ခဲ့တဲ့ တောင်ကိုရီးယား ဖယ်ရီ သင်္ဘောရဲ့ ကပ္ပတိန်ကို သေဒဏ် ချမှတ်ဖို့ အစိုးရ ရှေ့နေတွေက တောင်းဆို နေကြပါတယ်။

လူသတ်မှုနဲ့ စွဲချက်တင် ခံထားရတဲ့ ကပ္ပတိန် Lee Joon-Seok ဟာ သူ တာဝန်ယူ ကြီးကြပ်ရတဲ့ တာဝန်ချိန် အတွင်း သင်္ဘော နစ်မြုပ်စဉ်မှာ ခရီးသည်တွေကို ထားခဲ့ပြီး သူက ထွက်သွား ခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

သေဆုံးခဲ့သူ အများစုဟာ လေ့လာရေး ခရီးထွက် လာကြတဲ့ ဆယ်ကျော်သက် အရွယ် ကျောင်းသား ကလေးတွေ ဖြစ်ကြပါတယ်။

သေဆုံးသူ တွေရဲ့ မိသားစုတွေ ကတော့ ကပ္ပတိန် Lee Joon-seok တစ်ယောက်တည်း သာမက ကျန်တဲ့ သင်္ဘော အဖွဲ့သား ၅ ယောက်ကိုပါ သေဒဏ်ပေး စေချင်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အစိုးရ ရှေ့နေတွေက ကပ္ပတိန် တစ်ယောက်တည်းကိုသာ သေဒဏ်ပေးပြီး ကျန်တဲ့ သင်္ဘော အဖွဲ့သား သုံးယောက်ကို ထောင်ဒဏ် တစ်သက်သာ ပေးဖို့ ပြောပါတယ်။

တောင်ကိုရီးယားမှာ နှစ်ပေါင်း ၂၀ အတွင်း ကွပ်မျက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ဆိုးလ်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ