စစ်မှုထမ်းတွေ လိုင်ဘေးရီးယားကပြန်အရောက် သီးသန့်ထားဖို့ရှိ

_ebola_clinic_ ဓာတ်ပုံ မူပိုင် v
Image caption အီဘိုလာဆေးခန်း အမေရိကန်တည်ထောင်

အနောက်အာဖရိက နိုင်ငံ မှာ အီဘိုလာ ရောဂါ နဲ့ ပတ်သက်လို့ အမေရိကန် စစ်မှုထမ်းတွေ ကို အကူအညီပေးရအောင် စေလွှတ်ထားရာ က ပြန်လာတဲ့ အခါကျရင် အများနဲ့ ခွဲထားမဲ့ ၂၁ ရက် သတ်မှတ်မဲ့ အကြောင်း ဝါရှင်တန် မှ ဘီဘီစီ သတင်းထောက် ဘာဘရာပလက် အာရှာ က သတင်းပေးပို့ လိုက်ပါတယ်။

အမေရိကန် စစ်သား ဉီးရေ ၁၀၀၀ ခန့် ကို အီဘိုလာ ရောဂါသည်တွေ ကုသတဲ့ အရေးပေါ် ဆေးခန်းတွေ ဆောက်လုပ်ရေး အပိုင်း ကို ဒီစစ်သားတွေ က တာဝန်ယူကြတာပါ။ စစ်မှုထမ်း စုစုပေါင်း ၄၀၀၀ ခန့် လွှတ်ဖို့ အစီအစဉ် ရှိတာပါ။

အခုလို တာဝန်က ပြန်ရောက်လာတဲ့ စစ်မှုထမ်းတွေ အပေါ်မှာ ၂၁ ရက် အများနဲ့ ထိတွေ့ခွင့် မပြုတဲ့ ကြပ်မတ်မှု ပြုခြင်းဟာ အမေရိကန် ဆရာဝန် နဲ့ ဆေးဝန်ထမ်းတွေ က ဒီလောက်လုပ်စရာ မလိုပါဘူး လို့ ဆိုထားတဲ့ ကြားက ကာကွယ်ရေး ဝန်ကြီး ချခ်ဟေဂယ်လ် ရဲ့ ဆုံးဖြတ်ချက် အမိန့် ထွက်လာတာပါ။

သူ့ဘက်ကတော့ လည်း လိုင်ဘေးရီးယား ကို စေလွှတ်လိုက်တဲ့ အမေရိကန် စစ်မှုထမ်းတွေ ဟာ တခြား ဌာန က လွှတ်တဲ့ အရေအတွက် ထက် များပါတယ်။ ဒါက ပထမ တချက်၊ နောက်တချက် က သူတို့ တတွေ က လူငယ်တွေ၊ တပ်လက်အောက်ခံ တွေ လည်း ဖြစ် လို့ အလုပ်တာဝန် နဲ့ လွှတ်လိုက်တာပါ။ စေတနာ့ ဝန်ထမ်း အနေနဲ့ သွားကြတာ မဟုတ်တဲ့ အတွက်၊ သူတို့ မိသားစု တွေ ကိုယ်စား၊ တခြား စစ်မှုထမ်းတွေ ကိုယ်စား၊ ဒီ စစ်မှုထမ်းတွေ အတွက် သူ့ မှာ တာဝန် ရှိပါတယ် လို့ ရှင်းပြတာပါ။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကလည်း အီဘိုလာ ကူးစက်မှု ဟာ လိုင်ဘေးရီးယား နိုင်ငံမှာ အရှိန်လျော့ကျသွားတဲ့ လက္ခဏာ တချို့ ပြပေမဲ့၊ ပေါ့ပေါ့လျော့လျော့ မရှိကြဖို့ တော့ သတိပေး လိုက်ပါတယ်။