ထောက်ပံ့ရေး ဒုံးပျံ ပစ်လွှတ်ပြီး မကြာမီ ပေါက်ကွဲ

ဓာတ်ပုံ မူပိုင် Getty
Image caption ပစ်လွှတ်ပြီး စက္ကန့်ပိုင်း အတွင်းမှာ ပေါက်ကွဲ

နိုင်ငံတကာ အာကာသ စခန်းအတွက် အထောက်အပံ့ ပစ္စည်းတွေ တင်ဆောင်လာတဲ့ ဒုံးပျံ တစီးဟာ အမေရိကန် နိုင်ငံ ကနေ လွှတ်တင်လိုက်ပြီး မကြာမီမှာ ပေါက်ကွဲ ပျက်စီးသွားပါတယ်။

Antares လို့ အမည်ရတဲ့ ဒုံးပျံမှာ လူလိုက်ပါခြင်း မရှိဘဲ ဗာဂျီးနီးယား ပြည်နယ်မှာ ရှိတဲ့ ဒုံးပျံ လွှတ်စင်ကနေ လွှတ်တင်လိုက် အပြီး စက္ကန့်ပိုင်း အတွင်းမှာ မီးလောင် ပေါက်ကွဲ သွားတာ ဖြစ်ပါတယ်။

ဒီဒုံးပျံမှာ နိုင်ငံတကာ အာကာသ စခန်းမှာ ရှိတဲ့ အာကာသ ယာဉ်မှူး ၆ ယောက်အတွက် အထောက်အပံ့ ပစ္စည်း ၂၂၀၀ ကီလိုဂရမ် လောက်ကို သယ်ဆောင် သွားတယ်လို့ ဆိုပါတယ်။

အခုလို ပေါက်ကွဲ ပျက်စီးရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ