ဂျေရုဆလင်က အထွဋ်အမြတ် နေရာကို အစ္စရေး ပိတ်

ဓာတ်ပုံ မူပိုင် AFP
Image caption Temple Mount နေရာကို အစ္စရေးရဲတွေ ပိတ်ထားစဉ်

ဂျေရုဆလင် မြို့က နှစ်ဘက် အငြင်းပွားနေတဲ့ ဘာသာရေး အထွဋ်အမြတ် နေရာကို အစ္စရေးတို့က ပိတ်လိုက်တာဟာ စစ်ကြေညာတဲ့ သဘော သက်ရောက် တယ်လို့ ပါလက်စတိုင်း ခေါင်းဆောင် Mahmoud Abbas ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ဂျရုဆလင်မှာ ဂျူးလူမျိုး လက်ယာယိမ်း လှုပ်ရှားသူ မစ္စတာ Yehuda Glick သေနတ်နဲ့ ပစ်ခတ် ခံခဲ့ရလို့ ဒဏ်ရာ ရခဲ့ပြီးနောက် Temple Mount ဒါမှမဟုတ် al-Haram al-Sharif လို့ ခေါ်တဲ့ ဂျူးနဲ့ မွတ်ဆလင်တို့ နှစ်ဘက် အထွဋ်အမြတ် ထားရာ နေရာကို အစ္စရေး ရဲတွေက သွားလာခွင့် ပိတ်ပင်ခဲ့တာပါ။

အဲဒီနောက်မှာတော့ Yehuda Glick ကို ပစ်ခတ် ခဲ့တယ်လို့ သံသယ ရှိတဲ့ ပါလက်စတိုင်း တစ်ဦးကို အစ္စရေး ရဲတွေက ပစ်သတ် ခဲ့ပါတယ်။

မစ္စတာ Glick ဟာ အထွဋ် အမြတ် နေရာ အဖြစ် နှစ်ဖက် အငြင်းပွားနေတဲ့ နေရာမှာ ဂျူးတွေကို ပိုမို ဝင်ရောက်ခွင့်ပေးဖို့ ထောက်ခံ ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

Temple Mount နေရာဟာ ဂျူးတွေ အတွက် အထွဋ်အမြတ် နေရာ ဖြစ်သလို အဲဒီ ဝင်းအတွင်းမှာ မွတ်ဆလင်တွေ အထွဋ်အမြတ် ထားတဲ့ al-Aqsa ဗလီလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ