အီရတ် ကာ့ဒ် တပ်ဖွဲ့တွေ ကိုဘာနီမြို့ကို ရောက်ရှိ

ဓာတ်ပုံ မူပိုင် AFP
Image caption ပက်ရှ်မာ တပ်ဖွဲ့တွေ ဗုဒ္ဓဟူးနေ့က တူရကီကို ရောက်ရှိလာခဲ့

ဝိုင်းရံ ပတ်ဆို့ ခံထားရတဲ့ ကိုဘာနီ မြို့က တပ်ဖွဲ့တွေကို စစ်ကူ အဖြစ် ပူးပေါင်းဖို့ အီရတ်က ပက်ရှ်မာဂါ ကာ့ဒ် တပ်ဖွဲ့တွေဟာ တူရကီကနေ ဖြတ်ပြီး ဆီးရီးယား နိုင်ငံထဲကို ဝင်ရောက် လာပြီ ဖြစ်ပါတယ်။

ဆီးရီးယား ကာ့ဒ် တိုက်ခိုက်ရေး သမားတွေကို အားဖြည့်ပေးမယ့် တပ်ဖွဲ့ ဝင် ၁၅၀ လောက်ထဲက ၁၀ ယောက် ပါတဲ့ ရှေ့ပြေး အဖွဲ့ ဝင်ရောက် လာတာ ဖြစ်ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အကူအညီနဲ့ ကာ့ဒ် တပ်ဖွဲ့တွေက IS အစ္စလာမ်မစ် နိုင်ငံအဖွဲ့ကို ခုခံ တိုက်ခိုက်နေတာ တစ်လကျော် ကြာခဲ့ပါပြီ။

ကိုဘာနီမြို့ကို ပက်ရှ်မာဂါ တပ်ဖွဲ့တွေ ဝင်ရောက် လာချိန်မှာ IS အဖွဲ့က နယ်စပ် ဘက်ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ ပြီးခဲ့တဲ့ ညက ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ