တောင်ကိုရီးယား စစ်သား ၄ ဦး ထောင် နှစ်ရှည် ကျ

ဓာတ်ပုံ မူပိုင် AP
Image caption တောင်ကိုရီးယားမှာ ဥပဒေအရ မဖြစ်မနေ စစ်မှုထမ်းကြရ

တောင်ကိုရီးယား နိုင်ငံမှာ လက်အောက် ငယ်သား စစ်သား တစ်ယောက်ကို လဲကျ သေဆုံးတဲ့ အထိ ညှဉ်းပမ်း နှိပ်စက် ခဲ့တဲ့ တပ်ကြပ်ကြီး တစ်ယောက်ကို စစ်ခုံရုံးက ထောင်ဒဏ် ၄၅ နှစ် ချမှတ် လိုက်ပါတယ်။

ဥပဒေ အရ မဖြစ်မနေ စစ်မှုထမ်းရသူ ၂၃ နှစ်အရွယ် တပ်ကြပ် တစ်ယောက် ဖြစ်တဲ့ Yoon Seung-joo ဆိုသူဟာ တစ်လကျော် ကြာအောင် နေ့စဉ် အရိုက် ခံခဲ့ရပြီး သေဆုံး သွားခဲ့တဲ့ အဖြစ်က တောင်ကိုရီးယား တစ်နိုင်ငံ လုံးကို တုန်လှုပ် သွားစေ ခဲ့ပါတယ်။

သူဟာ တစ်လကြာ အစာ မကျွေးဘဲ ထားခံရတဲ့ အပြင် အိပ်ခွင့် လည်း မရခဲ့ပါဘူး။

မတရား အနိုင်ကျင့်မှုမှာ ပါဝင် ပတ်သက် ခဲ့ကြတဲ့ တခြား တပ်ကြပ် ၃ ဦးကိုလည်း ထောင်ဒဏ် ၂၅ နှစ်ကနေ နှစ် ၃၀ အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဒီအမှုကြောင့် စစ်တပ်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေက တဆင့် မတရား အနိုင်ကျင့်မှု အထိ ရောက်မသွားအောင် ဘယ်လို လုပ်မယ် ဆိုတာ အခြေအတင် ဆွေးနွေးစရာ ဖြစ်လာတယ်လို့ ဆိုးလ်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ