သမ္မတအိုဘားမား ရဲ့ သတင်းစာရှင်းလင်းပွဲ

mitch_mcconnell ဓာတ်ပုံ မူပိုင်
Image caption ဆီးနိတ် ခေါင်းဆောင်သစ် မစ်ချ်မက်ကောနဲလ်

အမေရိကန် အစိုးရ ရဲ့သက်တမ်းဝက် ရွေးကောက်ပွဲ မှာ အတိုက်အခံ ရီပတ် ဗလီကင် ပါတီ က မဲ အသာရ နိုင်သွား ပြီ ဖြစ်လို့ ဆီးနိတ်လွှတ်တော် ကို ထိန်းချုပ် နိုင်ပြီ ဖြစ်ပါတယ်။ သမ္မတ အိုဘားမား က အမေရိကန် ပြည်သူတွေ ပေးပို့ တဲ့ သတင်းစကား ကို သူရပြီ ဖြစ်တဲ့ အတွက် သူ့ရဲ့ ကျန်နေတဲ့ သမ္မတ သက်တမ်း ၂ နှစ် အတွင်း လုပ်ကိုင်စရာ ရှိတာ တွေ ကို တာဝန် ကျေကျေ ထမ်းဆောင်မဲ့ အကြောင်း သတင်းစာ ရှင်းလင်းပွဲ မှာ ပြောသွားပါတယ်။

ဒါ့အပြင် အနိုင်ရသွားတဲ့ ရီပတ်ဗလီကင် ပါတီ က လွှတ်တော် အမတ်တွေ နဲ့ လည်း နိုင်ငံ့ အကျိုး အတွက် လုပ်ကိုင်စရာတွေ ကို ပူးတွဲ ထမ်းဆောင်ဖို့ လည်း မျှော်လင့် ထားတာ ကို ပြောပါတယ်။ သူ့ အနေနဲ့ ကွန်ဂရက် အဖွဲ့သစ် နဲ့ လက်တွဲ လုပ်ဆောင်ဖို့ စိတ်အား ထက်သန် တဲ့ အကြောင်း၊ ဒါကြောင့် မို့ ရှေ့လာမဲ့ ၂ နှစ် အတွင်း မှာ လည်း နိုင်ငံ အတွက် အကျိုးဖြစ်ထွန်း မဲ့ အလုပ်မှန်သမျှ လုပ်မဲ့ အကြောင်း နဲ့ သူဟာ ဒီမိုကရက် နဲ့ မှ ရီပတ်ဗလီကင် နဲ့ မှ ခွဲခြား လုပ်ကိုင်တာ မရှိ သလို ကွန်ဂရက် အနေနဲ့ သူ သဘောတူ လက်မှတ် မထိုးနိုင်တဲ့ ဥပဒေကြမ်းတွေ တင်ကောင်း တင်တဲ့ တိုင်အောင် သူ့ ဘက်က အမေရိကန် နိုင်ငံသား တွေ ရဲ့ အကျိုးစီးပွား အတွက် ညှိနှိုင်း လုပ်ကိုင်ဖို့ လိုပြီ ဆိုရင် ပူးပေါင်းလုပ်ဖို့ အသင့်ရှိပါတယ် လို့ ပြောသွားတာပါ။

ဆီးနိတ်ကွန်ဂရက် ခေါင်းဆောင် ဖြစ်သွားတဲ့ မစ်ချ်မက်ကောနဲလ် ကလည်း နှစ်ဘက် စလုံး အနေနဲ့ ကုန်သွယ်ရေး သဘောတူညီချက် တွေ၊ အမြတ်ခွန် ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး တွေ ကို သမ္မတ အိုဘားမား နဲ့ ဆွေးနွေး ညှိနှိုင်း လုပ်ကိုင်ဖို့ အသင့်ပါ လို့ ပြောသွား ပါတယ်။