အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ အရေးပါမှု

_us_mid_term_election ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် ရွေးကောက်ပွဲ မဲရုံ

အမေရိကန် ပြည်ထောင်စု မှာ မနေ့ က အစိုးရ ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ ကျင်းပ ပါတယ်။ ဒီရွေးကောက်ပွဲ က တဆင့် ကွန်ဂရက် အောက်လွှတ်တော် နဲ့ ဆီးနိတ် အထက် လွှတ်တော် မှာ အာဏာရ ဒီမိုကရက်တစ် ပါတီ နဲ့ အတိုက်အခံ ရီပတ်ဘလီကင် ပါတီ တို့ ဟာ အမတ် ဦးရေ တိုးလာစေဖို့ ကြိုးပမ်းယင်း၊ ၂၀၁၆ ခု သမ္မတ ရွေးကောက်ပွဲ အတွက် အားယူကြတာပါ။

ဒီမဲရွေး ပွဲ ဟာ ဘယ်လောက် အရေးကြီးပြီး၊ ဘာကြောင့် မဲပေးတာပါလဲ လို့ နယူးယောက် မှ မဲဆန္ဒရှင် တယောက် ကို မေးကြည့်တော့ သူ့အနေနဲ့ ပါဝင်ပတ်သက်လိုတဲ့ အကြောင်းရင်း က ဒီ မဲရလဒ် ကနေ အလှည့်အပြောင်း ကို ဆုံးဖြတ်တဲ့ နေရာမှာ အောက်လွှတ်တော် နဲ့ ဆီးနိတ် မှာ ဘယ်ပါတီ က ကြီးစိုး ထိန်းချုပ် မှာလည်း ဆိုတာ သိပ်ကို အရေးကြီးပါတယ် လို့ ဆို သလို၊ မြောက်ကယ်လိုလိုင်းနား ပြည်နယ် မှ မဲဆန္ဒရှင် တဦး ကဆိုရင် ဒီရွေးကောက်ပွဲ ဟာ အရေးကြီးတယ် လို့ ထင်တဲ့ အကြောင်းက ဒီရွေးကောက် ပွဲ မှာ ပါတီ ၂ ခုစလုံး အနေနဲ့ နိုင်ငံ အတွက် ဘယ်လောက် အကျိုးပြုနိုင်မလည်း ဆိုတာကို ပြည်သူတွေ တွက်ဆပြီး မဲပေးခွင့် ရလို့၊ ပါတီ ၂ ခုစလုံးဟာလည်း အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲ ပါ လို့ ပြောပါတယ်။

တဆက်ထဲမှာပဲ အာဏာရ ဒီမိုကရက်ပါတီ ခေါင်းဆောင် သမ္မတ အိုဘားမား ရဲ့ အခြေအနေ ရော ဒီရွေးကောက်ပွဲ မဲရလဒ် ကနေ ဘယ်လိုသက်ရောက်မှု ရှိနိုင် မလဲ ဆိုတာ ကို VOA အသံလွှင့်ဌာန မှ အငြိမ်းစား အရာရှိ က ရှင်းပြ ရာ မှာ အမေရိကန် ရဲ့ အုပ်ချုပ်ရေးစနစ် က မဏ္ဍိုင် သုံးရပ် အပေါ် မူတည်ရာမှာ ကွန်ဂရက် လွှတ်တော်၊ တရားလွှတ်တော်ချုပ် နဲ့ သမ္မတ ရဲ့ လုပ်ပိုင်ခွင့် အမိန့်အာဏာ တို့ ရှိတဲ့ အကြောင်း၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ကို ချဖို့ နေရာမှာ ကွန်ဂရက် လွှတ်တော်၊ တရားလွှတ်တော်ချုပ် တို့ က သဘောမတူတဲ့ တိုင်အောင်၊ သမ္မတ ရဲ့ လုပ်ပိုင်ခွင့် အမိန့်အာဏာ နဲ့ ချမှတ် နိုင်ကြောင်း ရှင်းပြပါတယ်။

ဒါပေမဲ့ ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေ ရဲ့ ထောက်ခံမှု နဲ့ သမ္မတ အိုဘားမား က ဆုံးဖြတ်ချက် ချရင် အရှည်သဖြင့် တိုင်းပြည် နဲ့ လူမျိုး အတွက်ပါ ကောင်းမွန်တဲ့ အကြောင်း ပြောပြပါတယ်။ ဒါကြောင့်မို့ သမ္မတ အိုဘားမား ရဲ့ ဒီမိုကရက် ပါတီ အနေနဲ့ ဆီးနိတ် လွှတ်တော် က အမတ်ဦးရေ လျော့မသွား ဖို့ အရေးကြီးတာကို ရှင်းပြပါတယ်။ အတိုက်အခံ ရီပတ်ဘလီကင် ပါကင် ကလည်း ဆီးနိတ် လွှတ်တော် မှာ ကိုယ်စားလှယ် ဦးရေ တိုးလာရင်၊ ဆီးနိတ် ကို ထိန်းချုပ် ကြီးစိုး နိုင်မှာ ဖြစ်ပါတယ်။