အီဘိုလာ တိုက်ဖျက်ဖို့ ကုလ အရင်းအမြစ် မလောက်င

ဓာတ်ပုံ မူပိုင် Getty
Image caption ကျန်းမာရေး ဝန်ထမ်းတွေ ဆက်လက် လိုအပ်နေ

အနောက် အာဖရိကမှာ အီဘိုလာ ရောဂါကို ထိန်းချုပ် နိုင်ဖို့အတွက် ကုလသမဂ္ဂ အနေနဲ့ လုံလောက်တဲ့ အရင်းအမြစ် အထောက် အပံ့တွေ မရှိဘူးလို့ အီဘိုလာ တိုက်ဖျက်ရေး လုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။

ယူကေ၊ တရုတ်၊ ကျူးဘားနဲ့ အမေရိကန် တို့ရဲ့ ထောက်ပံ့ ကူညီမှုတွေ ရှိသည့်တိုင်အောင် နောက်ထပ် အရေးပေါ် ကူညီမှုတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အီဘိုလာ တိုက်ဖျက်ရေး လုပ်ငန်း အကြီးအကဲ Tony Banbury က ဆိုပါတယ်။

ဒါပေမယ့် လူနာတွေ ထားဖို့အတွက် ကုတင် လိုအပ်ချက်ရဲ့ ၇၀ ရာနှုန်းနဲ့ သေဆုံးသူတွေ မြှုပ်နှံဖို့ နေရာ လိုအပ်ချက်ရဲ့ ၇၀ ရာနှုန်းတို့ကို အခု ဒီဇင်ဘာလ မတိုင်မီမှာ ရရှိနိုင်လိမ့်မယ် လို့တော့ သူက မျှော်လင့် ထားကြောင်း ဆိုပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ အတည်ပြုချက် အရ အီဘိုလာကြောင့် သေဆုံးသူ ခုချိန်ထိ ၄၈၁၈ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ ထဲက အီဘိုလာ ကူးစက်ခံရသူ ၅၄၆ ယောက် ရှိခဲ့ပြီး အဲဒီ အထဲက ၃၁၀ ဦး သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ