လစ်ဗျား ပါလီမန် တရားမဝင်ကြောင်း ကြေညာ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပါလီမန် ရွေးကောက်ပွဲ တရားမဝင်ကြောင်း တရားရုံးချုပ်က ကြေညာအပြီး အောင်ပွဲခံနေတဲ့ လစ်ဗျား ရှေ့နေတွေ

လစ်ဗျား နိုင်ငံမှာ ဇွန်လတုန်းက ကျင်းပခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲကို တရားမဝင်ကြောင်း တရားရုံးချုပ်က ထုတ်ဖော် ကြေညာလိုက်ရာမှာ နိုင်ငံတကာက အသိအမှတ် ပြုထားတဲ့ ပါလီမန် ပျက်ပြယ် သွားပြီ ဖြစ်ပါတယ်။

ထရီပိုလီ မြို့တော်မှာ လုံခြုံရေးတွေ ယိုယွင်း လာနေတဲ့အတွက် အဲဒီ ပါလီမန်ဟာ နိုင်ငံ အရှေ့ပိုင်း တူဘရွတ်ခ် မြို့မှာ ရုံးထိုင် နေတာပါ။

ထရီပိုလီ မြို့တော်မှာ ရှိတဲ့ တရားရုံးတွေဟာ လက်နက်ကိုင် အုပ်စုတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်အောက် ကျရောက် နေတယ်လို့ အဲဒီ ပါလီမန်က စွပ်စွဲ ထားပါတယ်။

ဒီ ဆုံးဖြတ်ချက်ကြောင့် ပါလီမန်နဲ့ ထရီပိုလီ မြို့မှာ ရှိတဲ့ အစ္စလာမစ် ဝါဒီတွေ ကြီးစိုးတဲ့ ပြိုင်ဘက် လွှတ်တော် တို့အကြား တင်းမာမှုတွေ ပိုတိုးလာဖွယ် ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ