တရုတ်နဲ့ ဂျပန် ခေါင်းဆောင် နှစ်ဦး တွေ့ဆုံ

ဓာတ်ပုံ မူပိုင် epa
Image caption ၂ ရက်ကြာ ကျင်းပနေတဲ့ အေပက် အစည်းအဝေး

တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံ အကြား နယ်မြေ အငြင်းပွားမှုကြောင့် ၂ နှစ်ကျော် ဆက်ဆံရေး တင်းမာ ခဲ့ပြီးနောက် တရုတ် သမ္မတ ရှီကျင်ပင်းနဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြပြီး ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့ ပထမ အဆင့် အဖြစ် ဆွေးနွေး ခဲ့ကြပါတယ်။

ခေါင်းဆောင် နှစ်ဦးဟာ ဘေဂျင်း မြို့တော်မှာ အာရှ ပစိဖိတ် ထိပ်သီး ဆွေးနွေးပွဲ ကာလမှာ တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပြီး အရှေ့ တရုတ် ပင်လယ် ထဲက အငြင်းပွား နေကြတဲ့ ကျွန်းတွေ အရေး ကြောင့် ၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာ နေခဲ့တာ ဖြစ်ပါတယ်။

၂ နိုင်ငံ ခေါင်းဆောင် တွေ လက်ဆွဲ နှုတ်ဆက် ကြချိန်မှာ တရုတ် သမ္မတက လုံးဝ မပြုံးဘဲ တင်းမာ နေတဲ့ပုံ ရှိပါတယ်။

တရုတ် နိုင်ငံခြားရေး ရုံးက ထုတ်ပြန် ရာမှာ မစ္စတာ အာဘေး အနေနဲ့ အနာဂတ်ကို မျှော်ကြည့်တဲ့ လုံခြုံရေး မူဝါဒ ထားရှိဖို့နဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေး လမ်းကို လိုက်ဖို့ အတွက် တရုတ် သမ္မတက တောင်းဆို ကြောင်း ဖော်ပြခဲ့ပါတယ်။

ဂျပန် ဝန်ကြီးချုပ်ဟာ တရုတ် အပေါ် ရန်လိုပြီး တင်းမာတဲ့ အမျိုးသားရေး ဝါဒီ အနေနဲ့ တရုတ် အစိုးရ သတင်း ဌာနတွေက ဖော်ပြ ရေးသား ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ