အိန္ဒိယ စစ်သား ၇ ဦးကို တစ်သက်တစ်ကျွန်း ချမှတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ကက်ရှ်မီးယား ပြည်နယ်မှာ အိန္ဒိယ စစ်သား သောင်းနဲ့ချီ ချထား

အိန္ဒိယ နိုင်ငံ ဘက်ခြမ်းက ကက်ရှ်မီးယား ပြည်နယ်မှာ လူငယ် ၃ ဦးကို သတ်ခဲ့မှုနဲ့ စစ်အရာရှိ နှစ်ဦး အပါအဝင် စစ်သည် ၇ ဦးကို အိန္ဒိယ စစ်တပ်က တစ်သက် တစ်ကျွန်း ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၄နှစ်တုန်းက အဲဒီ လူငယ်တွေကို ပိုက်ဆံနဲ့ အလုပ်အကိုင် ပေးမယ် ဆိုပြီး သူတို့ အိမ်တွေကနေ စစ်သားတွေက ဖြားယောင်း ခေါ်ဆောင်သွားပြီး ပါကစ္စတန်နဲ့ နယ်စပ် အနီး အိန္ဒိယ ဘက်ခြမ်းမှာ ပစ်သတ် ခဲ့တာလို့ သိရ ပါတယ်။

အဲဒီနောက် အဲဒီ လူငယ်တွေဟာ ပါကစ္စတန် လက်နက်ကိုင်တွေ ဖြစ်တယ် ဆိုပြီး လုပ်ကြံ ဖော်ပြ ခဲ့ကြပါတယ်။

အဲဒီ ကိစ္စကြောင့် ကက်ရှ်မီးယား မြစ်ဝှမ်း ဒေသမှာ ကန့်ကွက် ဆန္ဒပြမှုတွေ၊ သွေးချောင်းစီး တိုက်ခိုက်မှုတွေ သီတင်းပတ် တွေနဲ့ ချီပြီး ဖြစ်ပွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ