အာဖရိက ဖလားပွဲကို အီကွေတိုရီယယ် ဂီနီ အိမ်ရှင်လုပ်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption အီကွေတိုရီယယ် ဂီနီ နိုင်ငံက ဘောလုံးကစားကွင်း တစ်ခု။

လာမယ့် ၂၀၁၅ အာဖရိက ဖလား ဘောလုံးပြိုင်ပွဲကို မော်ရိုကို နိုင်ငံ အစား အီကွေတိုရီယယ် ဂီနီ နိုင်ငံမှာ အစားထိုး ကျင်းပဖို့ ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း အာဖရိက ဘောလုံး အဖွဲ့ချုပ်က ထုတ်ဖော် ကြေညာ လိုက်ပါတယ်။

အီဘိုလာ ရောဂါ ပြန့်ပွားမှာကို စိုးရိမ်တဲ့ အတွက် မော်ရိုကို နိုင်ငံက ဒီပြိုင်ပွဲကို ဇန်နဝါရီလမှာ မကျင်းပဘဲ ရွှေ့ဆိုင်းပေးဖို့ ပန်ကြား ထားတာပါ။

ဒါပေမယ့် အာဖရိက ဘောလုံး အဖွဲ့ချုပ်က ဒါကို လက်မခံဘဲ အခုအခါ အာဖရိက ဖလားပွဲကို နဂို သတ်မှတ်ထားတဲ့ အချိန်တွေမှာ ဆက်လက် ကျင်းပသွားမှာ ဖြစ်ပြီး ပွဲတွေကို မြို့ ၄မြို့မှာ ကျင်းပ သွားမယ်လို့ ပြောပါတယ်။

အိမ်ရှင် အီကွေတိုရီယယ် ဂီနီ နိုင်ငံ အနေနဲ့ သူတို့ အသင်းမှာ အခုနှစ် အစောပိုင်းတုန်းက စည်းကမ်း မညီညွတ်တဲ့ ကစားသမားကို ပေးကန် ခဲ့တဲ့အတွက် ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် မရှိတော့ပေမယ့် အခုတော့ သူတို့ အသင်း ဒီပြိုင်ပွဲမှာ ဝင်ကစားခွင့် ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ