နိုင်ငံကြီးတွေ အနိုင်မကျင့်ဖို့ အိုဘာမား ပြော

obama_landing ဓာတ်ပုံ မူပိုင် Getty
Image caption ဘရစ္စဘိန်းကို ရောက်လာတဲ့ သမ္မတအိုဘားမား

ဩစတေးလျ နိုင်ငံကို စက်မှုအင်အားကြီး နိုင်ငံတွေရဲ့ ဂျီ ၂၀ ထိတ်သီး ဆွေးနွေးပွဲ တက်ဖို့ ရောက်လာတဲ့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားက အာရှပစိဖိတ် ဒေသအတွင်း နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပြီး ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး အင်အားကြီး နိုင်ငံတွေက နိုင်ငံငယ်တွေပေါ်မှာ အနိုင်ကျင့် တာမျိုးတွေ မရှိသင့်ဘူးလို့ ပြောကြား ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် အတွင်းမှာ ကြုံနေရတဲ့ နယ်နမိတ်အငြင်းပွားမှုတွေ နဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ လည်း သတိပေး ပြောကြားခဲ့ပါတယ်။