အမေရိကန် ကူညီရေး ဝန်ထမ်းကို IS ခေါင်းဖြတ်

ဓာတ်ပုံ မူပိုင် AFP
Image caption IS စစ်သွေးကြွ တွေက သူ့ကို ဆီးရီးယားမှာ မနှစ် တုန်းက ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်

အမေရိကန် အကူ အညီ ပေးရေး ဝန်ထမ်း အက်ဘ်ဒူ ရတ်မန် ကက်ဆစ်ကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS စစ်သွေးကြွ တွေက ခေါင်းဖြတ် သတ်လိုက် ပြီ ဆိုတဲ့ အွန်လိုင်း ဗီဒီယို တခု ထွက် ရှိလာ ပါတယ်။

ပီတာ ကက်ဆစ် လို့လည်း သိကြတဲ့ သူ့ကို၊ IS စစ်သွေးကြွ တွေက ဆီးရီးယားမှာ မနှစ် တုန်းက ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယို ထဲမှာ တွေ့ရတာ ကတော့ ဓား တခေျာင်းကို ကိုင်ထားတဲ့ မျက်နှာဖုံး စွပ် အမျိုးသား တဦး ကနေ ပီတာ ကက်ဆစ်ကို သတ်လိုက်ပြီ ဖြစ်ကြောင်း ပြောကြား နေတာ ပါ။

ဒီမျက်နှာဖုံး စွပ်နဲ့ လူဟာ အရင် ဗြိတိန်နဲ့ အမေရိကန် ဓားစာခံ တွေကို ခေါင်းဖြတ် သတ်ခဲ့တဲ့ လူလို့ ယူဆရ ပါတယ်။

အခုလို ပြောကြား ချက် မတိုင်ခင် မှာတော့ တန်းစီပြီး ဒူးထောက် ထိုင်ခိုင်း ထားတဲ့ ဆီးရီးယား စစ်သား တွေကို ပြသ ခဲ့ကာ၊ အဲဒီ သူတွေရဲ့ အနောက် ဘက်မှာ IS စစ်သွေးကြွ တွေက ရပ်နေပြီး၊ အဲဒီ နောက်မှာတော့ ခေါင်းဖြတ် သတ်ပစ် တာကို ပြသ ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ