ချက်သမ္မတ ကြက်ဥနဲ့ အပေါက် ခံရ

Zeman ဓာတ်ပုံ မူပိုင် EPA
Image caption လူထောင်နဲ့ချီပြီး သမ္မတကို ဆန္ဒပြ

ချက်နိုင်ငံက ကွန်မြူနစ် အုပ်စိုးမှု ကျဆုံးတဲ့ ၂၅ နှစ်ပြည့် ကတ္တီပါ တော်လှန်ရေး ၂၅ နှစ်ပြည့် အခမ်းအနား မှာ ချက်သမ္မတ Milos Zeman ကိုပြောင်လှောင် ပြက်ရယ် ပြုပြီး ကြက်ဥနဲ့ အပေါက် ခံခဲ့ရပါတယ်။

၁၉၈၉ ခုနှစ်က အဓိကရုဏ်း နှိမ်နင်းရေး ရဲရဲ့ ရိုက်နှက် ဖြိုခွဲ ခံခဲ့ရတဲ့ ကျောင်းသား ဆန္ဒပြ ပွဲ အမှတ်တရ ကမ္ဗည်း ပြား ဖွင့်ပွဲကို မစ္စတာ Zeman တက်ရောက်ရင်း တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြ ပွဲ ဖြိုခွင်းမှု တွေမှာ သွေးထွက် သံယို ဖြစ်တာမျိုး မရှိလှပါဘူး လို့ မကြာခင်က ချက်သမ္မတ ပြောခဲ့တဲ့ စကားကို ဆန္ဒပြသူ တွေက အလွန် စိတ်ဆိုး ဒေါသ ထွက်ကြပါတယ်။

ထောင်နဲ့ချီတဲ့ ဆန္ဒပြ သူတွေက ဘောလုံးပွဲ အနီကပ်လို ကပ်ပြားတွေ ကိုင်ပြီး သမ္မတ ကို သတိပေး ဆန္ဒပြ ခဲ့ကြပါတယ်။

သမ္မတ Zeman ကို ရုရှ ဘက် ယိမ်းတယ် ဆိုပြီးလည်း ဝေဖန် စွပ်စွဲ နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ