IS အဖွဲ့ဝင် ပြင်သစ် နိုင်ငံသား နောက်တစ်ဦး ထပ်တွေ့

ဓာတ်ပုံ မူပိုင် AFP
Image caption ဗီဒီယိုထဲမှာ တွေ့ရတဲ့ ပထမမြောက် ပြင်သစ် နိုင်ငံသား Maxime Hauchard (ယာ)

အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ IS ကနေ အကျဉ်းသားတွေကို ခေါင်းဖြတ် သတ်တဲ့ ဗီဒီယိုထဲမှာ IS အဖွဲ့ဝင် ပြင်သစ် နိုင်ငံသား နောက်တစ်ဦးကို ထပ်တွေ့ရတယ်လို့ ပြင်သစ် နိုင်ငံက အတည်ပြု ပြောဆို ပါတယ်။

အဲဒီလူဟာ ပဲရစ်မြို့ အရှေ့ပိုင်း ဆင်ခြေဖုန်း အရပ်က ၂၂ အရွယ် လူတစ်ယောက် ဖြစ်တယ်လို့ ပြင်သစ် သတင်းဌာနက ဖော်ပြပြီး သူ့နာမည်ကိုတော့ ဖော်ပြခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ် အကုန်က ပေါ်ထွက်ခဲ့တဲ့ ဗီဒီယိုထဲမှာလည်း ပြင်သစ် နိုင်ငံသား ပထမ တစ်ယောက်ကို တွေ့ခဲ့ရပြီး အဲဒီလူဟာ နော်မန်ဒီ အရပ်က Maxime Hauchard ဆိုသူ ဖြစ်တယ်လို့ ပြင်သစ် အာဏာပိုင်တွေက သတင်း ထုတ်ပြန် ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ် သြဂုတ် လတုန်းက ဆီးရီးယားကို ထွက်သွားသူ ဖြစ်ပြီး အစ္စလာမ် ဘာသာ ပြောင်းထားသူလို့ သိရပါတယ်။

အခု ထွက်လာတဲ့ ဗီဒီယို ထဲမှာတော့ အမေရိကန် စေတနာ့ ဝန်ထမ်း ပီတာ ကဆစ်နဲ့ ဆီးရီးယား အကျဉ်းသားတွေ ခေါင်းဖြတ် ခံထား ရတာကို ပြထားပါတယ်။

ပြင်သစ် နိုင်ငံသား ဂျီဟတ် ဝါဒီ အယောက် ၁၀၀၀ လောက်ဟာ ဆီးရီးယားနဲ့ အီရတ်ကို ရောက်နေ ကြတယ်လို့ ယုံကြည်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ