ဂျပန် ရွေးကောက်ပွဲ အတွက် ဝန်ကြီးချုပ်က ပါလီမန်ကို ဖျက်သိမ်း

ဓာတ်ပုံ မူပိုင် Reuters
Image caption ပါလီမန်ကို ဖျက်သိမ်းကြောင်း အောက်လွှတ်တော်မှာ ကြေညာစဉ်

ဂျပန် နိုင်ငံမှာ ရွေးကောက်ပွဲကို အချိန်စော ကျင်းပ နိုင်ဖို့ အတွက် ဝန်ကြီးချုပ် ရှင်ဇို အဘေးက ပါလီမန်ကို ဖျက်သိမ်း လိုက်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၂ နှစ် လိုသေးတဲ့ အချိန်မှာ အခုလို စောစောစီးစီး ရွေးကောက်ပွဲ ပြုလုပ်မယ့် ဝန်ကြီးချုပ်ရဲ့ အစီအစဉ်ကို လူအများစုက နားမလည်ကြဘူးလို့ ဂျပန် သတင်းဌာနက ဖော်ပြပါတယ်။

အခုတော့ ဂျပန် နိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို လာမယ့် ဒီဇင်ဘာ လထဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မစ္စတာ အဘေးကို လူထု ထောက်ခံမှု လျော့နည်း လာပေမယ့် အတိုက်အခံ ပါတီကလည်း အင်အား နည်းနေတာကြောင့် မစ္စတာ အဘေးနဲ့ သူ့ရဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီကပဲ ရွေးကောက်ပွဲမှာ ဆက်လက် အနိုင်ရဖွယ် ရှိနေပါတယ်။

မစ္စတာ အဘေးဟာ ဂျပန်ရဲ့ စီးပွားရေးကို ပြုပြင် ပြောင်းလဲဖို့အတွက် လုပ်ပိုင်ခွင့် အာဏာ အသစ်ကို ရှာဖွေနေတာ ဖြစ်ပြီး လူကြိုက် မများတဲ့ အရောင်းခွန် တိုးမြှင့်ရေး အစီအစဉ်ကိုလည်း ဆိုင်းငံ့ ထားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ